Pages

Sunday, April 26, 2015

AA သောင်းကျန်းသူများထံမှ ခဲယမ်းများနှင့် ဆေးဝါးများ သိမ်းဆည်းရမိ


ခဲယမ်းများနှင့် ဆေးဝါးများ ဖမ်းဆီးရမိသည့် နေရာပြပုံ

AA သောင်းကျန်းသူများ အသုံးပြုသော သိမ်းဆည်းရမိ ခဲယမ်းများ ဆေးဝါးများနှင့်
ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၆-၄-၂၀၁၅

ကျောက်တော်မြို့၏ မြောက်ဘက် ဇင်ချောင်းရွာ အနီး တောစပ်၌ မသင်္ကာဖွယ်ရာ လူလေးဦး ရောက်ရှိ နေကြောင်း ဒေသခံ ပြည်သူများ၏ သတင်းပေးချက် အရ တပ်မတော် စစ်ကြောင်းက ဧပြီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက် ရှင်းလင်းရာ AA သောင်းကျန်းသူများ မြောက်ဘက် တောတွင်းသို့ ထွက်ပြေး သွားခဲ့သည်။

တပ်မတော် စစ်ကြောင်းက အဆိုပါ အနီး တစ်ဝိုက်အား ဆက်လက် ရှင်းလင်းရာ သစ်ကိုင်းများဖြင့် ဖုံးဝှက်ထားသည့် ပလတ်စတစ် လက်ပစ်ဗုံး ၁ဝ လုံး၊ သံကြွပ်ကိုယ်ထည် လက်ပစ်ဗုံး ၁၄ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ပလတ်စတစ်ဘူး အတွင်း ထည့်ထားသည့် အသုံးပြုရန် အသင့်မိုင်း ၃၆ လုံး၊ TNT ၄ဝဝ ဂရမ် ယမ်းတောင့် ၁၃၅ တောင့်၊ ဓာတ်ခဲ အသေး ၆ဝဝ လုံးနှင့် အမ်(၂၂) ကျည် ၂၇၈ တောင့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပင်လုံကျေးရွာ ၏ အနောက်ဘက် ၁ မိုင်ခန့် အကွာ၌ တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် AA သောင်းကျန်းသူများ အသုံးပြုသော အီကွေးမန့် ၁၇ စုံ၊ ဘေးလွယ်အိတ် ၁ဝ လုံး၊ ပြောက်ကျား ကျောပိုးအိတ် ၁ဝ လုံး၊ ဓာတ်ခဲအသေး နှစ်လုံးထည့် ဓာတ်မီး ၅ဝ လက်၊ တီရှပ်မျိုးစုံ ၁၄ ထည်၊ ဒီဇယ် လေးဂါလန်ပုံး တစ်ပုံး၊ ဆေးဝါးမျိုးစုံ ၆၄ ကတ်၊ ဆေးထိုးအပ် ၄၇ ချောင်း၊ ထိုးဆေး ၆ဝ လုံး၊ ဂွမ်း/ပတ်တီး တစ်လိပ်၊ ဓာတ်ဆားထုပ် ၃ဝဝ ထုပ်နှင့် ဆေးရည်ပုလင်း ၃ဝ လုံးတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း AA သောင်းကျန်းသူများ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေး တပ်မတော် စစ်ကြောင်းများက ဒေသခံ ပြည်သူများ နှင့်ပူးပေါင်း၍ ၄င်းတို့ ခိုအောင်း နိုင်သော နယ်မြေများအား အသေးစိတ် နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment