Pages

Sunday, March 29, 2015

လာမည့်ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဆားငန်ဒဏ်ခံ မျိုးစပါးတင်း ၃၀၀၀၀ ကျော် ဖြန့်ဝေပေးမည်



မြောက်ဦး ၊ ၂၉-၃-၂၀၁၅

ရခိုင်ပြည်နယ်ရှိ လယ်ယာ စိုက်ခင်းများ၌ ဆားငန်ရေ ဝင်ရောက်မှုကို ကာကွယ်ရန်နှင့် ဆားငန်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် စပါးစိုက်ခင်းများ ပြန်လည် စိုက်ပျိုးရန် ဆားငန်ဒဏ်ခံ မျိုးစပါးတင်း ၃ဝဝဝဝ ကျော်ကို လာမည့် ဘဏ္ဍာနှစ် အတွင်း အခမဲ့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ဖြန့်ဖြူးပေး ရာတွင် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် ဆင်းသွယ်လတ်၊ ရွှေဝါထွန်း၊ ရေဆင်း(၃) နှင့် ရွှေဘို ပေါ်ဆန်းမွှေး များကို အဓိက ဖြန့်ဖြူး ပေးသွားမည် ဖြစ်ပြီး ဆားငန်ရေ ဝင်ရောက်မှုကြောင့် ပျက်စီးသည့် လယ်ယာမြေများ အတွက် အခမဲ့ ဖြန့်ဖြူး ပေးမည်ဖြစ်ပြီး ကျန်စိုက်ပျိုးဧက များအတွက် စပါးမျိုးကောင်း မျိုးသန့်များကို ဈေးနှုန်း သက်သာစွာ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။

''ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုတဲ့အနေနဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် မျိုးစပါး ဖြန့်ဝေပေး ခဲ့တာ စုစုပေါင်းတင်း ၁၉ဝဝဝ ကျော် ဖြစ်ပါတယ်။ တစ်နှစ်ကို ဧက သုံးသောင်းကျော် အတွက် မျိုးစပါးတွေ ဖြန့်ဝေပေးနိုင် တာဖြစ်ပြီး နောင်နှစ် အတွက်လည်း မျိုးစပါးတွေ စုဆောင်းနေပြီ ဖြစ်ပါတယ်'' ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၌ မြို့နယ်ပေါင်း ၁၇ မြို့နယ် နှင့် မြို့နယ်ခွဲ သုံးမြို့နယ် ရှိရာ ယခု ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၏ သီးသန့် ရန်ပုံငွေဖြင့် မျိုးစပါးတင်း ပေါင်း ၁၉ဝဝဝ ကျော်ကို မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးများမှ ကြီးကြပ် ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment