Pages

Monday, March 30, 2015

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော တရားမ၀င် အလုပ်သမားများအား ပြန်လည်ခေါ်ဆောင် လာသည့် တပ်မတော်(ရေ) မှ စစ်ရေယာဉ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ပြန်လည်ခေါ်ဆောင်လာသော မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံ ထားရသည့် မြန်မာအလုပ်သမား များကိုတွေ့ရစဉ်


နေပြည်တော် ၊ ၃၀-၃-၂၀၁၅

မြန်မာ့ တပ်မတော်(ရေ )မှ စစ်ရေယာဉ် မဟာသီဟသူရ သည် မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်း ၌ မတ် ၁၇ ရက်မှ ၂၁ ရက်ထိ ကျင်းပ ပြုလုပ်ခဲ့သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်၍ မတ် ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သန်လျင် သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ပြန်လည်ရောက်ရှိ လာရာ ရေတပ် သင်္ဘောကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး၊ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်သည် မလေးရှားနိုင်ငံ တွင် တရားမဝင် ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁ဝ၂ ဦးအား ပြန်လည် ခေါ်ဆောင်ခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများထံ စနစ်တကျ လွှဲပြောင်းပေး ခဲ့သည်။ ဝန်ကြီးဌာန မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသော အလုပ်သမား များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေရပ်ပြန်ရန် အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ များနှင့် ဆက်သွယ် ဆောင်ရွက် ပေးခြင်း၊ ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ဆောင်ရွက် ပေးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများ ကြုံတွေ့ နေရသည့် မြန်မာ အလုပ်သမား များကို ကူညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တစ်ဆင့် ဆက်သွယ် ညှိနှိုင်း လာခဲ့ရာ မိခင်နိုင်ငံသို့ ပြန်ရန် ကြိုးစားနေသည့် မြန်မာ အလုပ်သမား များအား စာနာ ထောက်ထားစွာ ကူညီပံ့ပိုး ပေးသည့် အနေဖြင့် စစ်ရေယာဉ် မဟာသီဟသူရ အပြန်ခရီး တွင် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ တပ်မတော် စစ်ရေယာဉ် နှင့်အတူ လိုက်ပါလာသော အလုပ်သမား များကို လမ်းခရီး တစ်လျှောက် အဆင်ပြေစွာ လိုက်ပါနိုင်ရေး အတွက် စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား စစ်ရေယာဉ် ပေါ်တွင် တာဝန် ထမ်းဆောင် နေသော တပ်မတော်သား များက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment