Pages

Wednesday, March 4, 2015

နွေရာသီနှင့် ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပြုကာကွယ်


နွေရာသီနှင့် ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိပြုကာကွယ်

ပူပြင်းသည့် နွေရာသီသို့ ရောက်ပြီဖြစ်ရာ ကျန်းမာရေးကို သတိပြု နေထိုင်ရန် လိုအပ်လာ ပြီဖြစ်သည်။ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာ၍ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင် အောက်ဆိုက် များကြောင့် ကမ္ဘာကြီး ပိုမိုပူနွေး လာသည်။ ကာဗွန်ဒိုင် အောက်ဆိုက် ကို စုပ်ယူ၍ အောက်ဆီဂျင် ထုတ်လွှတ် ပေးသည့် သစ်တောများ ပြုန်းတီးလာ၍ ကမ္ဘာကြီး ပိုမိုပူနွေး လာသည်။

ထို့ပြင် ကမ္ဘာကြီးတွင် နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန် ရောင်ခြည်များ ကမ္ဘာမြေသို့ ကျရောက်သည့် အတိုင်းအတာ ပမာဏကို ထိန်းချုပ်ပေးသည့် အိုဇုန်းလွှာ ပေါက်ပြဲမှုများ ဖြစ်ပေါ်လာ၍ အပူဓာတ် သာမက ခရမ်းလွန် ရောင်ခြည်၏ အန္တရာယ်ကိုပါ သတိပြုကြ ရမည် ဖြစ်သည်။

အပူလွန်ကဲ မှုကြောင့် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ အပူရှပ် အဖျားရောဂါ ဖြစ်ခြင်း၊ မျက်စိ ဝေဒနာ ဖြစ်ခြင်းနှင့် နေရောင်ခြည် ကြောင့် အရေပြား ကင်ဆာနှင့် မျက်စိ တိမ်ရောဂါ ကဲ့သို့သော ရောဂါများ ဖြစ်စေ နိုင်သည်ကို အများပြည်သူတို့ သတိပြုရန် လိုသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ခရမ်းလွန် ရောင်ခြည် လွန်ကဲအဆင့် ၁၃-၁၄ အထိ ရောက်ခဲ့ ပြီး အရေပြားနှင့် ပတ်သက်သည့် ရောဂါဖြစ်ပွား ခဲ့မှုများ ရှိခဲ့သည်။ ယခု ၂ဝ၁၅ ခုနှစ်တွင် ခရမ်းလွန် ရောင်ခြည် လွန်ကဲမှု အဆင့် ၁၅ အထိ ရောက်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်း ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက် တိုင်းထွာချက်များ အရ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၁ ဒသမ ၉ ၊ နေပြည်တော် နှင့် မကွေးတိုင်း ဒေသကြီးတွင် ၁ဝ ဒသမ ၉ ၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကယားပြည်နယf တို့တွင် ၁၁ ဒသမ ၃၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် မွန်ပြည်နယ် တို့တွင် ၁၂ ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၁၃ ဒသ မ၇၊ ကရင်ပြည်နယ် တွင် ၁၁ ဒသမ ၈၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ၁ဝ ဒသမ ၆၊ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်းတွင် ၁၁ ဒသမ ၁ ရှိနေကြောင်းနှင့် ၂ဝ၁၅ ခုနှစ် နွေရာသီ တွင် ခရမ်းလွန် ရောင်ခြည် လွန်ကဲအဆင့် ၁၅ သို့ ရောက်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် အပူချိန် မြင့်မားဆုံး အချိန်ဖြစ်သည့် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအတွင်း နေပူထဲ မသွားရန် လိုသည်။ မလွှဲ မရှောင်သာ သွားလာရ ပါကလည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တို့ကို အသုံးပြုရန် လိုသည်။ ရိုးရိုးချည်သား အင်္ကျီလက်ရှည်ကို ဝတ်ဆင်၍ သွားလာရန် လိုသည်။ ထိုသို့ သတိပြုနေထိုင် သွားလာမှသာ ခရမ်းလွန် ရောင်ခြည် အန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ဆောင်းအကုန် နွေအကူးတွင် ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး အန္တရာယ်၊ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး အန္တရာယ်တို့ကို ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိဖြင့် ကြိုတင်ကာကွယ် သွားကြရန် လိုပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment