Pages

Tuesday, March 24, 2015

မြန်မာနိုင်ငံအတွင်း ပြည်တွင်းရွှေ့ပြောင်းလုပ်သား အင်အားစာရင်းနှင့် အခြေအနေကို စစ်တမ်း ကောက်ယူသွားမည်



ရန်ကုန် ၊ ၂၄-၃-၂၀၁၅

မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများ အင်အားစာရင်းနှင့် အခြေအနေကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းနှင့် စစ်တမ်း ကောက်ယူမှုကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) က ကောက်ယူသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများ အင်အားနှင့် အခြေအနေများကို စစ်တမ်းများ ကောက်ယူနိုင်ခြင်း မရှိသေး သောကြောင့် ယခုကဲ့သို့ ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစစ်တမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံးတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ ရွေးချယ်ကာ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး (ဗဟို)၏ ခွင့်ပြုချက်ဖြင့် ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်တမ်း ကောက်ယူရန် အတွက် ဒေသ အသီးသီးရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူမှုရေး အဖွဲ့အစည်းများကို သင်တန်းများ ပေးလျက်ရှိပြီး လက်ရှိတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် စတင်ကောက်ခံ နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်တမ်းကို သင်္ကြန် ကာလမတိုင်မီ အပြီး ကောက်ယူကာ ဇူလိုင်လအတွင်း အစီရင်ခံစာ ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ အနယ်နယ် အရပ်ရပ်မှ ဝင်ရောက် နေထိုင်သူ ဦးရေသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးနေကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ၇၃၅၅ဝ၇၅ ဦးရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူဦးရေ အများဆုံး တိုင်းဒေသကြီး ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment