Pages

Monday, March 2, 2015

ဧရာဝတီလင်းပိုင်နှင့် အတူ ငါးဖမ်းသည့် ကျေးရွာလေးရွာကို ရေလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက်ရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ နှုန်း ပံ့ပိုးပေးမည်



ရန်ကုန် ၊ ၃-၂-၂ဝ၁၅

ဧရာဝတီလင်းပိုင် နှင့်အတူ ငါးဖမ်းသည့် ကျေးရွာ လေးရွာကို ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် နှင့် လင်းပိုင်နှင့် ငါးဖမ်းသည့် ရေလုပ်သားများ အဆင်ပြေ စေရန် တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၂ဝဝ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
.
ပံ့ပိုးပေးမည့် ကျေးရွာ လေးရွာသည် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်းရှိ ရွာများဖြစ်ပြီး မြေစွန်း၊ စိန်ပန်းကုန်း၊ ဆည်တည် နှင့် မြစ်ကမ်းကြီး ရွာတို့ ဖြစ်ကြောင်း သိရသည်။
.
''ဧရာဝတီလင်းပိုင် နဲ့အတူ ငါးဖမ်းတတ်တဲ့ ရေလုပ်သားတွေ ရှိတဲ့ရွာ တွေကို ဦးစားပေး ပြီးတော့ အရင်းမပျောက် မတည်ငွေ ငွေကျပ် သိန်း ၃ဝဝ စီ ထုတ်ပေးမှာပါ။ ရေလုပ်သားတွေ အဆင်ပြေ အောင်နဲ့ ရေလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီး အခုလို ထုတ်ပေးဖို့ စီစဉ် တာဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ထို့အပြင် ဧရာဝတီမြစ် အတွင်း ကျက်စားနေသော ဧရာဝတီ လင်းပိုင် အကောင် အရေအတွက်ကို တိတိကျကျ သိနိုင်ရန် ဖေဖော်ဝါရီ ၁ဝ ရက်မှ ၂ဝ ရက်အထိ မန္တလေးမြို့မှ ကသာမြို့အထိ စာရင်း ကောက်ယူခဲ့ပြီး လင်းပိုင်ကောင်ရေ စာရင်း ကောက်ယူမှုနှင့် အတူ ပညာပေးခြင်း နှင့် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
.
ပျမ်းမျှအားဖြင့် နှစ်စဉ် ကောက်ယူ ရရှိသော စာရင်းများအရ လင်းပိုင် ကောင်ရေမှာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာပြီး လူ့ပယောဂကြောင့် သေဆုံးမှုမှာ ၅ဝ ရာခိုင် နှုန်းခန့်အထိ ရှိကြောင်း သိရသည်။ 
.
၂ဝ၁ဝ ပြည့်နှစ်တွင် လင်းပိုင် ၆၉ ကောင်၊ ၂ဝ၁၁ ခုနှစ် တွင် လင်းပိုင် ၇၂ ကောင်၊ ၂ဝ၁၂ ခုနှစ်တွင် လင်းပိုင် ၆၇ ကောင်၊ ၂ဝ၁၃ ခုနှစ်တွင် လင်းပိုင် ၅၁ ကောင်နှင့် ၂ဝ၁၄ ခုနှစ်တွင် လင်းပိုင် ၆၃ ကောင် တွေ့ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment