Pages

Sunday, March 22, 2015

တပ်မတော်စစ်ကြောင်းများက ပွိုင့်- ၁၅၆၄ တောင်ကုန်းအား သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၂၂-၃-၂၀၁၅

နှစ်နိုင်ငံနယ်စပ်နှင့် မီတာ ၁၅ဝဝ ခန့်အကွာတွင် ရှိသော ကိုးကန့် သောင်းကျန်းသူများ အတွက် စစ်နည်းဗျူဟာ လိုအပ်ချက် တောင်ကုန်းများ ဖြစ်သည့် ပွိုင့်-၁၅၆၄ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်စစ်ဆင် ချေမှုန်း တိုက်ခိုက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ပွိုင့်- ၁၅၆၄ တောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။ ထို့အတူ ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောရှိ ကိုးကန့် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

အလားတူ ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက ရှင်ပင်ကိုင်းကျေးရွာ အနီးရှိ ပွိုင့်- ၁၉၆၈ တောင်ကုန်းနှင့် ပွိုင့်- ၁၉၅၁ တောင်ကုန်းများအား ရှင်းလင်း သိမ်းပိုက်ခဲ့သည်။

ကိုးကန့် သောင်းကျန်းသူ များသည် မြေအနေအထား အသာစီး ရမှုကို အခွင့်ကောင်းယူ၍ တောင်ကုန်းများ ပေါ်တွင် အခိုင်အမာ ခံကတုတ်များ ဆောက်လုပ်ကာ ဆက်သွယ်ရေး မြောင်းများ၊ ဗုံးခိုကျင်းများနှင့် ပစ်ကျင်းများ တူးထားပြီး လောင်ချာ၊ လက်ပစ်ဗုံး၊ စက်သေနတ်ကြီး နှင့် တိုက်မိုင်းများဖြင့် တပ်မတော် စစ်ကြောင်း များအား ပစ်ခတ်တိုက်ခိုက် ခဲ့သော်လည်း တိုက်စစ်ဆင် နေသည့် တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူ ပစ်အားများ ရယူ၍ ဟန်ချက် ညီစွာ ရွပ်ရွပ်ချွံချွံ ထိုးဖောက် တိုက်ခိုက်ခဲ့ခြင်း ကြောင့် အခိုင်အမာ ခံစစ်ယူထားသော တောင်ကုန်းများအား သိမ်းပိုက်ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲ များတွင် ကိုးကန့် သောင်းကျန်းသူ အလောင်း သုံးလောင်း၊ လက်နက်ငယ် ငါးလက်၊ ကျည်အိမ်တစ်ခု၊ ကျည်မျိုးစုံ ၃၃၅ တောင့်၊ တိုက်မိုင်း ၁၁ လုံး၊ အီနာဂါ ဗုံးသီးနှစ်လုံး၊ လောင်ချာ ဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး သုံးလုံး၊ လုပ်သေနတ် ပြုလုပ်မည့် ဆက်စပ်ပစ္စည်းများ၊ MNDAA လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ရှစ်စုံ၊ စစ်စိမ်းရောင် ဘောင်းဘီနှစ်ထည် နှင့် အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ အရာရှိ၊ စစ်သည် ၁၁ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment