Pages

Friday, March 20, 2015

ရန်ကုန်တိုင်းဒေသကြီး ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၀၆၁၆၇ ဦးအနက်မှ ၉၃ ရာခိုင်နှုန်းခန့်သာ ၀င်ရောက်ဖြေဆိုခဲ့



ရန်ကုန် ၊ ၂၀-၃-၂၀၁၅

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ ၁ဝ၆၁၆၇ ဦးအနက် ၇ဝဝဝ ကျော် ပျက်ကွက်ခဲ့ရာ လျှောက်ထားသူ ၉၃ ရာခိုင်နှုန်း ခန့်သာ ဖြေဆိုခဲ့ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပျက်ကွက်သူ များမှာ စာစစ်ဌာန ၂၁၂ ခု၌ရှိပြီး မေးခွန်းခက်၍ လာရောက် ဖြေဆိုရန် ပျက်ကွက်ကြခြင်း မဟုတ်ဘဲ အကြောင်း အမျိုးမျိုး ကြောင့်သာ ဖြစ်နိုင်ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတွက် မေးခွန်း တစ်စုံသာ ထုတ်ခဲ့ပြီး နိုင်ငံခြား စာစစ်ဌာနများ အတွက် မေးခွန်းတစ်စုံ ထုတ်ခဲ့ကြောင်း သိရသည်။

''ဖြေဆိုဖို့ လျှောက်ထား ပေမယ့် ပျက်ကွက်မှုက အကြောင်း အမျိုးမျိုးကြောင့် နှစ်တိုင်း ဒီလိုပဲ ပျက်ကွက်လေ့ ရှိပါတယ်။ ဒီနှစ်က တစ်နိုင်ငံလုံး မေးခွန်း တစ်ခုတည်း ထုတ်ပေမယ့် အားလုံး ဖြေနိုင်တဲ့ ပုံစံမျိုးပဲ ထုတ်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

''မြန်မာစာနေ့ ကတည်းက နောက်ဆုံးနေ့ အထိ အားလုံးလွယ် ပါတယ်။ သူငယ်ချင်း တွေလည်း အားလုံး လွယ်လွယ်ကူကူ ဖြေနိုင်ကြတယ်။ ဒီနှစ် မေးခွန်းလွယ်တယ် ပြောကြတယ်'' ဟု တာမွေမြို့နယ် အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်းမှ ကျောင်းသူ တစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာ တစ်နိုင်ငံလုံး ၌ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ ခြောက်သိန်းကျော် ရှိသည့်အနက် ငါးသိန်း ကိုးသောင်းခန့် ဖြေဆိုခဲ့ပြီး စာမေးပွဲ များကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment