Pages

Friday, March 20, 2015

အိန္ဒိယရေတပ်မှ တိုင်းတာရေးရေယာဉ် တစ်စင်း ချစ်ကြည်ရေးခရီး ရောက်ရှိ


တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ ၊ စစ်သည်များ သန်လျင် သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသော အိန္ဒိယရေတပ်မှ တိုင်းတာရေးရေယာဉ် INS Darshak ကို ကြိုဆိုနှုတ်ဆက်စဉ်


နေပြည်တော် ၊ ၂၀-၃-၂၀၁၅

အိန္ဒိယရေတပ်မှ တိုင်းတာရေး ရေယာဉ် INS Darshak သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ သန်လျင် သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ တိုင်းတာရေး ရေယာဉ်တွင် အိန္ဒိယ နိုင်ငံရေတပ်မှ Cdr.Amol Gopal Merwade ဖြစ်သူ ဦးစီး၍ အရာရှိ၊ စစ်သည် ၂၃ဝ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၉ ရက် မှ ၂၂ ရက်ထိ လေးရက်ကြာ နေထိုင် လေ့လာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment