Pages

Monday, March 2, 2015

ရန်ကုန်မြို့လယ်နေရာများ၌ ကျင်းပမည့် တို့ရန်ကုန် တို့အိမ်ရာ ရန်ကုန်အနုပညာ ယဉ်ကျေးမှုပွဲတော် ဖွင့်လှစ်



ရန်ကုန် ၊ ၃-၂-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံးမှ ကြီးမှူး ကျင်းပသည့် တို့ရန်ကုန် တို့အိမ်ရာ ရန်ကုန်အနုပညာ ယဉ်ကျေးမှု ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မဟာဗန္ဓုလ ပန်းခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
.
နံရံကပ် ပိုစတာ ပြိုင်ပွဲကို မတ် ၂ ရက်မှ ၂၂ ရက်အထိ ပန်းဆိုးတန်း အောက်ဘလောက် နှင့် ဗြိတိသျှ သံရုံးခြံဝင်း အပြင်၌ လည်းကောင်း၊ မတ် ၁ ရက်မှ ၃ ရက်အထိ ဘတ်စ်ကား ပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် ပုံစံတူ ပန်းပုရုပ် များကို မြောက်ဒဂုံမှ ဆူးလေအထိ ပြေးဆွဲသည့် အမှတ်(၂၃၅) ဘတ်စ်ကား လိုင်းများတွင်လည်းကောင်း၊ ပန်းချီပိုစတာ ပြသမှုကို မတ် ၁ ရက်မှ ၂၂ ရက်အထိ ဗြိတိသျှ ကောင်စီနှင့် စာတိုက်ရုံးကြား တွင်လည်း ကောင်း၊ ပိုစတာများကို မတ် ၂ ရက်မှ ၂၂ ရက်ထိ ဝန်ကြီးများရုံး အပြင်ဘက် ခြံစည်းရိုး များတွင် လည်းကောင်း၊ ရန်ကုန်မြို့၌ နေထိုင်ကြသည့် ပြည်သူများ၏ လူမှုဘဝကို ဖော်ကျူး ထားသည့် ဇာတ်လမ်း တင်ဆက်မှု များကို ရန်ကုန်မြို့ပတ် ရထားများပေါ်၌ လည်းကောင်း၊ မြန်မာ့ အစားအစာ များနှင့် ပတ်သက်သည့် ရှေးလူကြီး များ၏ သုံးသပ်မှုများကို ရိုက်ကူး ထားသည့် မှတ်တမ်းတင် ဗီဒီယိုပြသ ခြင်းအား မဟာဗန္ဓုလ လမ်းနှင့် လမ်း(၃ဝ)ထောင့်ရှိ ချိုင်းနား တီးရှော့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှိ ဂိုးဒင်းဘဲ ချိုင်းနားတီးရှော့ နှင့် ကုန်သည်လမ်း နှင့် (၄၄)လမ်း ထောင့်ရှိ နိုင်တီနိုင်း တီးရှော့ များတွင် လည်းကောင်း၊ ရန်ကုန်မြို့နှင့် ပတ်သက်သည့် ယဉ်ကျေးမှု အမွေအနှစ် ပုံများ ရေးဆွဲထားသည့် ကာတွန်း ပိုစတာ များအား ပန်းဆိုးတန်းလမ်း ရှိ လျှပ်စစ် ဓာတ်တိုင်များ နှင့် သစ်ပင်များတွင်လည်းကောင်း ချိတ်ဆွဲပြသ သွားမည် ဖြစ်သည်။
.
အဆိုပါ ယဉ်ကျေးမှု ပွဲတော်ကို ပန်းချီ၊ ပိုစတာ၊ ဓာတ်ပုံ၊ ဂီတ၊ တေးသရုပ်ဖော် တို့ အပါအဝင် ကဏ္ဍရှစ်ခု ခွဲကာ အနုပညာ စွမ်းပကား များဖြင့် အများပြည်သူ နေ့စဉ် လှုပ်ရှားသွားလာ နေသော နေရာများတွင် လမ်းသွား လမ်းလာ များအား စိတ်ဝင်စားဖွယ် တင်ဆက်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။
.
ဝန်းရံခ
.
#Themyawadydaily
#မြ၀တီနေ့စဉ် 

No comments:

Post a Comment