Pages

Tuesday, March 31, 2015

အီလက်ထရွန်နစ် ငွေကြေးစနစ် တွင်ကျယ်စွာ အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြိုးပမ်း ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

Central Bank of Myanmar ( CBM )
မြန်မာနိုင်ငံ၌ လက်ရှိ အသုံးပြုနေသော International Debit Card ၊ International Credit Card ၊ Mobile Payment ၊ Mobile Wallet နှင့် Mobile Banking အစရှိသော အီလက်ထရွန်နစ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှု စနစ်များ အားလုံးကို ယခုထက် ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင် စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နည်းပညာများ လျင်မြန်စွာ တိုးတက် ပြောင်းလဲနေသော ယနေ့ခေတ်တွင် မြန်မာနိုင်ငံ အနေဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှု ကဏ္ဍများကို ဆောင်ရွက်ရာတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ပြည်ပနိုင်ငံ များကို မယှဉ်နိုင်သေး သော်လည်း နောက်ကျ ကျန်ရစ်ခြင်း မရှိစေရန် အီလက်ထရွန်နစ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှု စနစ်များကို လူတန်းစား အားလုံး ကျယ်ပြန့်စွာ သုံးစွဲ လာနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များစွာကို စီစဉ် ဆောင်ရွက် ပေးထားပြီ ဖြစ်သော်လည်း တချို့ဒေသ များ၌ အသုံးပြုရန် အခက်အခဲများ ရှိသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ယင်းစနစ် များနှင့် ပတ်သက်ပြီး နားလည်မှု အားနည်းနေခြင်း၊ ရရှိနိုင်သော အကျိုးကျေးဇူး များနှင့် အားသာချက် များကို မသိရှိခြင်း တို့ကြောင့် အသုံးပြုသူ အရေအတွက် နည်းပါး နေသေးကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံတစ်ဝန်း၌ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များ ကျယ်ပြန့်စွာ အသုံးပြု လာနိုင်စေရန် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာများ တိုးမြှင့် ဆောင်ရွက်ခြင်း နှင့် အများပြည်သူ သိရှိနားလည်လာ စေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို နိုင်ငံတော် ဗဟိုဘဏ်နှင့် အတူ ပြည်တွင်းရှိ ဘဏ်များက ပူးပေါင်းဆောင်ရွက် ကြမည် ဖြစ်သည်။ နိုင်ငံတော်၌ အဆိုပါ အီလက်ထရွန်နစ် ဘဏ်ဝန်ဆောင်မှု စနစ်များကို ကျယ်ပြန့်စွာ အသုံးပြု လာပါက ငွေပေးချေခြင်း များကို လျင်မြန်စွာ အလွယ်တကူ ဆောင်ရွက် လာနိုင်မည် ဖြစ်သည့်အတွက် ကုန်သွယ်မှု လုပ်ငန်းများလည်း ပိုမို ဖွံ့ဖြိုးတိုးတက် လာနိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment