Pages

Tuesday, February 24, 2015

အခွန်ဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာရန် ပျက်ကွက်သည့် ကုမ္ပဏီများကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်သွားမည်


ရန်ကုန် ၊ ၂၄-၂-၂၀၁၅

အခွန်ဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာရန် ပျက်ကွက်ပြီး လိပ်စာပါ တည်နေရာ များ၌ ရှာမတွေ့သည့် ကုမ္ပဏီ ၁၉၇ ခုကို ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်ဆိုင်ရာ အခွန်ရုံးများသို့ လာရောက် ဆက်သွယ်ခြင်း မပြုပါက ကုမ္ပဏီစာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဆိုင်ရာ ညွှန်ကြားမှု ဦးစီး ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ အခွန်ရုံးသို့ ဆက်သွယ်ရမည့် ကုမ္ပဏီများမှာ ပဲခူးတိုင်း ဒေသကြီးမှ ကုမ္ပဏီ ၂၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးမှ ကုမ္ပဏီ ၉၅ ခုနှင့် ကရင်ပြည်နယ်မှ ကုမ္ပဏီ ၈၁ ခု စုစုပေါင်း ၁၉၇ ခုဖြစ်ပြီး ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ်များ မှလည်း ကုမ္ပဏီစာရင်း များ ဆက်လက် ကောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီများ မှတ်ပုံတင် ညွှန်ကြားမှု ဦးစီးဌာန၌ တရားဝင် မှတ်ပုံတင် ပြုလုပ်ထားသည့် ကုမ္ပဏီများ အနက် အမှန်တကယ် လုပ်ငန်း လည်ပတ်ပြီး အခွန်ပေးသွင်း သောကုမ္ပဏီမှာ ထက်ဝက်ခန့်သာ ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ငန်း လည်ပတ် နေသော်လည်း အခွန် ပေးသွင်းရန် ပျက်ကွက်ကြောင်း တွေ့ရှိပါက ပေးဆောင်ရမည့် အခွန်၏ ၁ဝ ဆ ဒဏ်ရိုက်ခြင်း၊ ပစ္စည်း သိမ်းဆည်းခြင်း၊ ဝရမ်း ကပ်ခြင်းနှင့် ထောင်ဒဏ် အပြစ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အရေးယူ နိုင်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment