Pages

Wednesday, February 4, 2015

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသဆောင်အသစ် ကိုးထပ် အဆောက်အအုံကို ယခုလအတွင်း ဖွင့်လှစ်မည်


မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ကိုးထပ်အဆောက်အအုံသစ်

မန္တလေး ၊ ၄-၂-၂၀၁၅

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသဆောင် အသစ် ကိုးထပ် အဆောက်အအုံ ကို ယခု ဖေဖော်ဝါရီ အတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးမှ သိရသည်။

မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး သည် ခုတင် ၁ဝဝဝ ဆေးရုံကြီး ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဆေးရုံကြီးတွင် နေ့စဉ်လူနာ ၁၂ဝဝ ခန့် ကုသပေးလျက် ရှိကြောင်း၊ ဆေးကုသမှု အတွက် နေရာ အခက်အခဲ မရှိစေရန် ယခု ဖွင့်လှစ်မည့် ကိုးထပ် အဆောက်အအုံ ကို ထပ်မံ ဆောက်လုပ်ခဲ့ရာ ပြီးစီးပြီ ဖြစ်ပြီး ဆေးကုသရေး အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

အသစ် ဖွင့်လှစ်မည့် ဆေးကုသဆောင် ကိုးထပ် အဆောက်အအုံ တွင် ပထမထပ်၌ အဏုမြူ ရောင်ခြည် ဆေးကုသဌာန နှင့် ပုံရိပ်ဖော် ရောဂါ ရှာဖွေရေးဌာန၊ ဒုတိယထပ် တွင် ဖျားနာ ကုသဆောင် ၂၊ တတိယထပ် တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကုသဆောင်၊ စတုတ္ထထပ် တွင် သီးသန့် လူနာဆောင် (၁)၊ ပဉ္စမထပ် တွင် သီးသန့် လူနာဆောင် (၂)၊ ဆဋ္ဌမထပ် တွင် ဖျားနာ ကုသဆောင် (၁)၊ သတ္တမထပ် တွင် ဆီး၊ ကျောက်ကပ် ဆေးကုသဆောင်၊ အဋ္ဌမထပ် တွင် အထူး သီးသန့် ကုသဆောင် နှင့် နဝမထပ်၌ သင်တန်း ခန်းမဆောင် နှင့် စားသောက်ဆိုင် တို့ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဆေးကုသဆောင် အသစ် ကိုးထပ် အဆောက်အအုံ ကို အများပြည်သူ အလှူငွေ ကျပ်သိန်း ၃ဝဝဝဝ ဖြင့် ဆောက်လုပ် ထားကြောင်း၊ အဆိုပါ အဆောက်အအုံ တွင် လက်ရှိ လူနာများကို နေရာချထား ကုသပေးလျက် ရှိကြောင်း သိရသည်။ (၁၈၀)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment