Pages

Thursday, February 19, 2015

ပြည်တွင်းဆေးဝါး လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို ဥရောပအပါအ၀င် ပြည်ပနိုင်ငံများမှ တင်သွင်းနေရ



ရန်ကုန် ၊ ၁၉-၂-၂၀၁၅

ပြည်တွင်း ဆေးဝါး လိုအပ်ချက် ၏ ၈ဝရာခိုင်နှုန်း ကျော်ကို ဥရောပ အပါအဝင် ပြည်ပနိုင်ငံများမှ တင်သွင်း နေရကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်တွင်းဆေးဝါး ဈေးကွက် အတွင်းသို့ ဥရောပ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဆေးဝါးများ ဝင်ရောက်လျက် ရှိရာ အိန္ဒိယဆေးဝါး များကို အများဆုံး တင်သွင်းလျက် ရှိကြောင်း၊ ပြည်တွင်း လိုအပ်ချက်များ အရ ပြည်ပမှ ဆေးဝါး ၈ဝ ရာခိုင်နှုန်း ကျော်အား တင်သွင်း နေရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှတ်(၁) ဆေးဝါးစက်ရုံ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆေးပြား၊ ဆေးတောင့်၊ ဆေးဆီ၊ ဆေးရည်၊ ထိုးဆေး၊ ကာကွယ် ကုသဆေး စသည့်ဆေး အမျိုးအစား ပေါင်း ၁၆ဝ ကို ထုတ်လုပ်လျက် ရှိပြီး ယင်းမှ ရရှိသော ဆေးဝါးများအား ကျန်းမာရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာန သို့ အဓိကထား ပံ့ပိုးနေရသည့် အတွက် ပြည်တွင်း၌ လိုအပ်နေသော ဆေးဝါးများအား ပြည်ပနိုင်ငံ များမှ အဓိကထား တင်သွင်း နေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်မှုဝန်ကြီး ဌာန လက်အောက် ၌ အမှတ်(၁) ဆေးဝါးစက်ရုံ၊ အမှတ်(၂) ဆေးဝါးစက်ရုံ အပြင် ပြည်တွင်း ပုဂ္ဂလိက ဆေးကုမ္ပဏီများမှ ဆေးဝါးများ ထုတ်လုပ်လျက် ရှိသော်လည်း လိုအပ်ချက်များ အရ ပြည်ပမှ ဆေးဝါးနှင့် ဆေးဝါးဆိုင်ရာ ကိရိယာ များကို တင်သွင်းလျက် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment