Pages

Friday, February 20, 2015

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


(၂၂)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြ သူများ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၀-၂-၂၀၁၅

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ တတိယနေ့ ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)ရှိ ဆင်ဖြူရှင် ခန်းမ၌ ဆက်လက် ကျင်းပ ပြုလုပ်ရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန နှင့် တက္ကသိုလ် များမှ သုတေသီများ၊ တပ်မတော် ဆေးတက္ကသိုလ် မှ ဗိုလ်လောင်းများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သင်တန်းသား များနှင့် စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး ယမန်နေ့တွင် Main Symposium အဖြစ် Reach For the Top Leadership Development in DSMA Learners တစ်ခု၊ Updates on Cardiology တစ်ခု၊ Recent Advences in Hepatitis B and Hepatis C တစ်ခု၊ Debate အဖြစ် Gender Balance in Medical Specialist Training is Better or Not တစ်ခု၊ Special Talks တစ်ခု၊ Clinico-Pathological Conference တစ်ခုနှင့် Clinical Session တစ်ခုတို့အား ဆွေးနွေး ကျင်းပ ပြုလုပ်သည်။

ထို့နောက် တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥ က္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးဝင်း က အကောင်းဆုံး သုတေသန စာတမ်းနှင့် ပိုစတာများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု ရရှိခဲ့သည့် သုတေသန စာတမ်းရှင်များ၊ ပိုစတာရှင် များနှင့် Debate Session တွင် အနိုင်ရရှိခဲ့ သူများအား ဆုများ ပေးအပ်ပြီး နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဆပ်ကော်မတီများ၊ သုတေသန စာတမ်း/ ပိုစတာ တင်သွင်း ဖတ်ကြား ခဲ့သူများ၊ Clinico-Pathological Conference နှင့် Clinical Session တို့တွင် ပါဝင်ခဲ့ သူများအား တာဝန်ရှိ သူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး က အမှာစကား ပြောကြားကာ (၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment