Pages

Sunday, February 22, 2015

နိုင်ငံတော်ကာကွယ်ရေးတာဝန် ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်နေသော တပ်မတော်သားများ အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အလှူငွေပေးအပ် လှူဒါန်း


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက အလှူငွေ ပေးအပ်လှူဒါန်းစဉ်

နေပြည်တော် ၊ ၂၂-၂-၂၀၁၅

လောက်ကိုင်ဒေသ အတွင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက် နေကြသော တပ်မတော်သား များအား ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် ဆေးရုံ၌ ကျင်းပ ပြုလုပ်ရာ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်မော်၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာ ရှင်များ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဦးနှင်းမိုး၊ ဦးအောင်လွင် နှင့် ဦးလူမင်း တို့က ထိခိုက်ဒဏ်ရာ ရရှိသော စစ်သည်များ အတွက် လှူဒါန်းငွေ ၁၅၅ဝဝဝဝ ကျပ်ကို လည်းကောင်း၊ လောက်ကိုင် ဒေသတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော စစ်သည်များ အတွက် လှူဒါန်းငွေ ၅ဝဝဝဝဝဝ ကျပ်ကို လည်းကောင်း၊ တပ်မတော် ဆေးရုံ ဆေးပဒေသာပင် အတွက် ၂ဝ၂၃ဝဝဝ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၅ဝဝ ကို လည်းကောင်း၊ တိုက်ပွဲရှောင် ပြည်သူများ အတွက် ၅ဝဝဝဝဝဝ ကျပ်ကိုလည်းကောင်း အသီးသီး ပေးအပ် လှူဒါန်းရာ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်မော် က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များက ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်များ အား တစ်ဦးချင်းရ င်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေး စကား ပြောကြား ကြသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ လောက်ကိုင်ဒေသ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော တပ်မတော်သား များအတွက် ယမန်နေ့တွင် လှူဒါန်းငွေ စုစုပေါင်း ၁၃၅၇၃ဝဝဝ ကျပ်နှင့် အမေရိကန် ဒေါ်လာ ၅ဝဝ တို့အား ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment