Pages

Monday, February 23, 2015

မြန်မာနိုင်ငံမှ ဗုဒ္ဓ၀င် အနုပညာလက်ရာ များကို Asia Society ပြတိုက်၌ ပြသ



ရန်ကုန် ၊ ၂၃-၂-၂၀၁၅

မြန်မာနိုင်ငံမှ ရှေးဟောင်း ဗုဒ္ဓဝင် အနုပညာ လက်ရာများကို အမေရိကန်နိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသားများ ကြည့်ရှု လေ့လာနိုင်ရန် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society ပြတိုက်၌ ပြီးခဲ့သည့် ရက်ပိုင်းက စတင် ပြသခဲ့ရာ မေလအထိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ပြပွဲတွင် အေဒီ ၅ ရာစုမှ ၁၉ ရာစု အတွင်း ထင်ရှားခဲ့သော ကမ္ဘာကျော် အနုပညာရှင် များနှင့် ခေတ်ပြိုင် ပေါ်ထွန်း ခဲ့သည့် မြန်မာနိုင်ငံမှ အနုပညာရှင်များ ပြုလုပ် ဖန်တီးထား ခဲ့ကြသော ဗုဒ္ဓဝင် ဖွားတော်မူခန်း၊ တောထွက်ခန်း၊ တရား ကျင့်တော်မူခန်း၊ ဓမ္မစကြာ တရား ဟောကြားခန်း၊ ပရိနိဗ္ဗာန် စံတော်မူခန်း စသည့် အခန်းကဏ္ဍ များနှင့် သက်ဆိုင်သော အနုပညာ လက်ရာများ အပါအဝင် ရှေးဟောင်း အနုပညာ လက်ရာ ဖန်တီးမှုပေါင်း ၇ဝ ကျော် ပြသ ထားကြောင်း သိရသည်။

အဆိုပါ အနုပညာ လက်ရာများကို ရန်ကုန် အမျိုးသား ပြတိုက်၊ နေပြည်တော် အမျိုးသား ပြတိုက်၊ ကမ္ဘာအေး ဘုရားရှိ ဗုဒ္ဓဝင်သမိုင်း ပြတိုက်၊ ကျောက်တော်ကြီး ဘုရားရှိ မဟာမုနိ ပြတိုက် နှင့် သရေ ခေတ္တရာ ရှေးဟောင်း သုတေသန ပြတိုက် အစရှိသော နေရာများမှ ငှားရမ်း ပြသခြင်းဖြစ်ပြီး ခေတ် အဆက်ဆက် တွင် အနုပညာရှင်များ ဖန်တီးခဲ့ ကြသော သစ်သား ပန်းပုများ၊ ကြေး ဆင်းတုတော်များ၊ ယွန်းထည် လက်ရာများ၊ ကျောက်သား ဆင်းတုတော် များနှင့် ပန်းချီကားများ စသည်တို့ကို ယူဆောင်၍ သွားရောက် ခင်းကျင်း ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment