Pages

Friday, January 2, 2015

မွေးမြူရေးအစာကုန်ကြမ်းများ ပြည်ပမှ အလုံးအရင်း ၀င်ရောက်လာသည့်အပြင် ပြည်တွင်း၌ အထွက်များနေ၍ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာ


ရန်ကုန် ၊ ၂-၁-၂၀၁၅

ပြည်တွင်းရှိ မွေးမြူရေး အစာကုန်ကြမ်း အရောင်းအဝယ် ဈေးကွက် အတွင်း ပြည်ပမှ တင်သွင်းမှုများ ပိုမိုများပြား လာသကဲ့သို့ ပြည်တွင်းမှ မွေးမြူရေး အစာ ကုန်ကြမ်း ထွက်ရှိမှု အခြေအနေ မှာလည်း မြင့်တက် လာခြင်းကြောင့် မွေးမြူရေး အစာ ကုန်ကြမ်း ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာ ပြီး မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း မြန်မာနိုင်ငံငါး ပုစွန် အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းမှ သိရသည်။

ဒီဇင်ဘာလ နှင့် ဇန်နဝါရီလ တို့သည် မွေးမြူရေး လုပ်ငန်းများကို တစ်နှစ်ပတ်လုံး လုပ်ကိုင်နိုင်ရန် အစာ ကုန်ကြမ်းများ ဝယ်ယူ စုဆောင်းရသည့် အချိန် ဖြစ်သည်။ ယခုအခါ ဈေးကွက်အတွင်း အစာကုန်ကြမ်း များပေါများ နေသည့်အပြင် ဈေးနှုန်းများပါ ကျဆင်း နေခြင်း ကြောင့် ဝယ်ယူသူများ အနေဖြင့် ယခင်ကထက် ပိုမိုဝယ်ယူ စုဆောင်းလျက် ရှိနေသည်။

အာဂျင်တီးနား၊ ဘရာဇီး နှင့် အိန္ဒိယနိုင်ငံ တို့မှလည်း ပဲပုပ်ဖတ်ကို အဓိက တင်ပို့နေပြီး အခြားသော အစာကုန်ကြမ်း များအနေဖြင့် နေကြာ၊ မုန်ညင်း အစရှိသည် တို့မှာ တင်ပို့မှု မြင့်မား လာခြင်းကြောင့် ပြည်တွင်း ဈေးကွက်အတွင်း အစာ ကုန်ကြမ်းများ ပေါများ နေသည့်အပြင် ဆီစက်၊ ဆန်စက်များ ယခင်ထက်ပင် ပို၍ ထုတ်လုပ် လာကြသဖြင့် ဘေးထွက် ပစ္စည်း တိရ စ္ဆာန် အစာကုန်ကြမ်း များ ပေါများလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်းရှိ အစာကုန်ကြမ်း ဈေးကွက်အတွင်း ဖွဲနု တစ်ပေါင်လျှင် ၈၇ ကျပ်၊ ပြောင်း တစ်ပိဿာလျှင် ၃၈၅ ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် ၉၈ဝ ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် ၁၁၅ဝ ကျပ်တို့သာ ရှိကြောင်း၊ ပဲပုပ်ဖတ် ဈေးနှုန်းမှာ ပြည်တွင်းမှ ထွက်ရှိသည့် ဈေးထက် ပြည်ပမှ တင်သွင်းသည့် ပဲပုပ်ဖတ် ဈေးမှာ ပို၍ သက်သာလျက် ရှိကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment