Pages

Friday, January 30, 2015

တပ်မတော်(ရေ)မှ နစ်မြုပ် ကုန်လှေတစ်စင်းမှ လှေလုပ်သားများအား ကယ်ဆယ်


တပ်မတော်(ရေ)မှ စစ်သည်များ နစ်မြုပ်ခဲ့သည့် ကုန်တင်လှေမှ ရေလုပ်သားများအား ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်စဉ်


မြိတ် ၊ ၃၀-၁-၂၀၁၅

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီး ကလွင်မီးပြ၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ် သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် မြိတ်ဆိပ်ကမ်း ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်(ရေ) မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားရောက်၍ နစ်မြုပ်လှေ ပေါ်ပါ လှေသား ၁ဝ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

အဆိုပါ ကုန်လှေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဗိုလ်ချုပ်လမ်း၊ တလိုင်းစုရပ် နေ ဦးလှရွှေ ပိုင်ဆိုင်သည့် အောင်ပြည့်မိုး အမည်ရှိ ကုန်လှေတစ်စင်း ဖြစ်ပြီး ရန်ကုန်သို့ ပစ္စည်းများ ပို့ဆောင်ရန် ကျွဲကူးရှိ ဦးစောဂျက် တံတားမှ ဇန်န၀ါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ထွက်ခွာလာစဉ် ကလွင်မီးပြ အနောက် မြောက်ဘက် ၂ မိုင်ခန့် အရောက်၌ လှေမှာ ထေးဆံကွာ၍ ဘယ်ဘက်ကိုင်ပျဉ် ပွင့်ကာ ရေ၀င် နစ်မြုပ်ခဲ့ခြင်း ဖြစ်၍ လှေပေါ်ပါ ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ ကုန်မျိုးစုံမှာ ရေနစ်မြုပ် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment