Pages

Monday, January 5, 2015

ရွှေဘိုမြို့တွင် (၁၇)ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံပွဲ ကျင်းပ



ရွှေဘို ၊ ၅-၁-၂ဝ၁၅

နိုင်ငံတကာ မီးပုံးပျံ အထိမ်းအမှတ် အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီး၌ မီးပုံးပျံ လွှတ်တင်ပွဲများ ကျင်းပလျက် ရှိရာ (၁၇) ကြိမ်မြောက် ပွဲတော်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့၌ နိုင်ငံတကာမှ လာရောက်ပြီး ဂက်စ်ဖြည့် မီးပုံးပျံများ လွှတ်တင်စီးနင်း ပြသ၍ ဒေသတွင်းသို့ မြေပြင် အထက်မှ လှည့်လည် ကြည့်ရှုကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံစီး အဖွဲ့သည် ရွှေဘိုသို့ ရောက်ရှိလာပြီး ဇန်နဝါရီ ၂ ရက်၊ ၃ ရက် နှင့် ၄ ရက်တို့တွင် ရွှေဘိုမြို့၏ အထက် ကောင်းကင်ယံမှ မီးပုံးပျံ ခြောက်လုံးကို စီးနင်း လှည့်လည် ကြသည်။

အဆိုပါ အဖွဲ့တွင် ဂျာမနီ နိုင်ငံသား သုံးဦး၊ ပြင်သစ် နိုင်ငံသား တစ်ဦး၊ အင်္ဂလန် နိုင်ငံသား တစ်ဦး နှင့် ဆွစ်ဇာလန် နိုင်ငံသား ၂၄ ဦးတို့ ပါဝင်ကြပြီး ရွှေဘိုမြို့ ဖောင်တော်ဦး စေတီတော် ပရိဝုဏ် အတွင်းရှိ ဘောလုံး အားကစားကွင်း အတွင်းမှ လွှတ်တင် ပျံတက် ကြကြောင်း သိရသည်။

ကျော်ဇော

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment