Pages

Sunday, January 4, 2015

ဗုဒ္ဓဘာသာကို လေ့လာသော နိုင်ငံခြားခရီးသွား ဧည့်သည်များ မြန်မာ့ရိုးရာရှင်ပြု အလှူပွဲသို့ ကိုယ်တိုင်ပါဝင် လှူဒါန်း



စလင်း ၊ ၄-၁-၂၀၁၅

တိဗက်ဒေသရှိ ဗုဒ္ဓဘာသာကို လေ့လာခဲ့ပြီး မဟာယာန ဗုဒ္ဓဘာသာဝင် အဖြစ် ယုံကြည်သက်ဝင် ခဲ့ကြသော အင်္ဂလန် နိုင်ငံမှ  နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၃ ဦးသည် မကွေးတိုင်း ဒေသကြီး စလင်းမြို့ဟောင်း ရှိ ရုပ်စုံကျောင်း၌ မြန်မာ့ရိုးရာ ရှင်ပြုအလှူကို ကိုယ်တိုင်ပါဝင် လှူဒါန်းခဲ့ကြောင်း ယင်း အဖွဲ့ကို လာရောက် ပို့ဆောင်ပေးသော Myanmar Zarmani Creative Tours Co., Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်နီနီမြင့် က ပြောသည်။

အဆိုပါ ဘာသာရေး လေ့လာသူများ အဖွဲ့တွင် ရုပ်သံ ဇာတ်လမ်းတို ရိုက်ကူးရေး သမားများလည်း ပါဝင်ပြီး မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ အတိုင်း ရှင်ပြု အလှူပွဲကို ပါဝင် ကုသိုလ်ပြု လှူဒါန်းခဲ့သည့် အပြင် ကွမ်းတောင် ပန်းတောင်ကိုင် သူများအဖြစ် လည်း အလှူပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် ပါဝင်သော ရုပ်သံ ဇာတ်လမ်းတို ရိုက်ကူးရေး သမားများက မြန်မာ့ရိုးရာ ရှင်ပြုအလှူပွဲ ကို နိုင်ငံတကာ သတင်း အစီအစဉ် များတွင် ပြသနိုင်ရန် စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဘာသာရေး လေ့လာသူ များသည် စလင်းမြို့အတွင်း လှည့်လည်ကာ ဗုဒ္ဓဘာသာဝင် များ၏ လူနေမှုစရိုက် များကို လေ့လာ မှတ်တမ်းတင်ခြင်း နှင့် ကျေးလက် ဈေးသည်များ၏ ဘဝကိုလည်း ရုပ်သံမှတ်တမ်း ရိုက်ကူးသွား ခဲ့ကြောင်း သိရသည်။(၄၄၉)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment