Pages

Monday, January 26, 2015

၂ဝ၁၄ ခုနှစ်တွင် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးသို့ နိုင်ငံပေါင်း ၃ဝ မှ နိုင်ငံခြားခရီးသွား ဧည့်သည် တစ်သိန်းကျော် လာရောက် ဖူးမြော်



ရန်ကုန် ၊ ၂၆-၁-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မ ကုန်းတော်ပေါ်၌ တည်ထား ကိုးကွယ်သည့် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ် ကျောက်တော်ကြီး ဘုရားသို့ ၂ဝ၁၄ ခုနှစ် အတွင်း အထိ နိုင်ငံပေါင်း ၃ဝ မှ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၅၂၁၂၂ ဦး လာရောက် ဖူးမြော် ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက် ဖူးမြော်သည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အမေရိကန်၊ ဥရောပ၊ စပိန်၊ အီတလီ၊ တိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ သီရိလင်္ကာ၊ အင်္ဂလန်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ အစ္စရေး၊ ကိုလံဘီယာ၊ ဟော်လန်၊ မက္ကဆီကိုနှင့် ပြင်သစ်နိုင်ငံ တို့ဖြစ်ပြီး ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့မှ အများဆုံး လာရောက် ဖူးမြော် ကြကြောင်း သိရသည်။ 

လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော် မြတ်ကြီးကို ၂ဝဝ၂ ခုနှစ်တွင် မင်းဓမ္မ ကုန်းတော်ပေါ်၌ တည်ထား ပူဇော်ခဲ့ပြီး ဉာဏ်တော် ၃၇ ပေမြင့်သည်။ မြန်မာနိုင်ငံရှိ ကျောက်တော်ကြီး ဘုရားငါးဆူ တွင် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည့်အပြင် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွား တော်မြတ်ကြီး ၏ ရင်ပြင်တော် ပေါ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လေ့လာ နိုင်သည့် မဟာ အတုလပတ္တ နီလာ သပိတ်တော်ကြီး ကိုလည်း ထုလုပ်ပူဇော် ထားပြီး သပိတ်တော် ကြီးမှာ အချင်း ၁ဝ ပေ ၄ လက်မ၊ အမြင့် ၅ ပေ ၁၁ လက်မ၊ ဇောက်အနက် ၅ ပေ ၂ လက်မ ရှိပြီး အလေးချိန် အားဖြင့် တန် ၃ဝ ကျော်ရှိကာ ဆန် ၆၃ တင်း ချက်ဝင်ကြောင်း သိရသည်။

ကောင်းစစ်နိုင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment