Pages

Tuesday, December 23, 2014

The Yangon Gallery တွင် ပြုလုပ်သော ၀ါရင့်ဂန္ထ၀င် အနုပညာရှင်များ စုစည်းတွေ့ဆုံသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင်များ စုစည်းတွေ့ဆုံပွဲ အခမ်းအနား တွင် 
ဂုဏ်ပြုအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၃-၁၂-၂၀၁၄

The Yangon Gallery မိသားစုနှင့် အင်ပါယာ တေးဂီတအဖွဲ့မှ ဂီတမှူး ဇော်ဝင်းထွဋ် တို့ ပူးပေါင်း ပြုလုပ်သော ဝါရင့်ဂန္ထဝင် ဂီတ အနုပညာရှင် များအား စုစည်းတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ် အတွင်းရှိ The Yangon Gallery ၌ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ The Yangon Gallery မိသားစုများနှင့် ဖိတ်ကြား ထားသော ၀ါရင့် ဂန္ထ၀င် ဂီတ အနုပညာရှင် ကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ အမျိုးသား စာပေဆုရ လူမှုထူးချွန် ဝိဇ္ဇာပညာ ပထမအဆင့်ရ၊ စည်သူဘွဲ့ရ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဒေါက်တာ ဘိုကလေး တင့်အောင် က အနုပညာရှင်များ ကိုယ်စား ကျေးဇူးတင် နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် အနုပညာသည် နိုင်ငံတစ်ခု၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြပါကြောင်း၊ မြန်မာမှု နယ်ပယ်တွင် ခေတ်ကာလ အဆက်ဆက် သီဆို ဖျော်ဖြေခဲ့ ကြသည့် တေးဂီတများ သည်လည်း မြန်မာလူမျိုး တို့၏ စိတ်ဓာတ်များကို အမျိုးမျိုး ပြောင်းလဲ စေသည့် ရသများကို ပေးစွမ်း နိုင်ကြောင်း၊ မြန်မာသံစဉ် မျိုးဆက်သစ်များ ပေါ်ထွက်လာ စေရန် မွေးထုတ် ပေးရန်လည်း လိုကြောင်းနှင့် မိမိတို့ သမိုင်း အစဉ်အလာ ကြီးမားမှု ပြရုပ်ကို ဖော်ပြသည့် ရိုးရာယဉ်ကျေးမှု နှင့် အနုပညာကို ခိုင်ခိုင်မာမာ ရှိနေစေရေး အနုပညာရှင်များ အပါအဝင် အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင် များအား စုစည်းတွေ့ဆုံပွဲတွင် တက်ရောက် လာကြသူများ တေးသီချင်း စုပေါင်းသီဆိုကြစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ဝါရင့် ဂန္ထ၀င် ဂီတအနုပညာရှင် ကြီးများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် The Yangon Gallery မှ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာကို ဝါရင့် ဂီတပညာရှင် ကြီးများနှင့် အတူတကွ သုံးဆောင် ကြသည်။ ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံ နေစဉ်အတွင်း ၀ါရင့် ဂန္ထ၀င် ဂီတ ပညာရှင်ကြီး များက ဂနဝ္ထ င်တေးသီချင်း များဖြင့် ဧည့်ခံ ဖျော်ဖြေခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များ ကလည်း ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

မှတ်တမ်းဓာတ်ပုံများ





No comments:

Post a Comment