Pages

Tuesday, December 23, 2014

MOAG လက်မှတ်မရှိဘဲ အော်ဂဲနစ်သီးနှံဟု ပြောဆို ရောင်းချသူအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်


အော်ဂဲနစ်စိုက်ခင်းတစ်ခုအား တွေ့ရစဉ်

ရန်ကုန် ၊ ၂၃-၁၂-၂၀၁၄

စိုက်ပျိုးရေး ဝန်ကြီးဌာန နှင့် နိုင်ငံတကာ အော်ဂဲနစ် ပညာရှင်များ က အသိအမှတ် ပြုထားသည့် Myanmar Organic Agriculture Group ၏ လက်မှတ် ကိုင်ဆောင် ထားခြင်း မရှိဘဲ အော်ဂဲနစ်သီးနှံ ဟု ပြောဆို ရောင်းချသူအား တရားဥပဒေ အရ အရေးယူ သွားမည် ဖြစ်ကြောင်း MOAG မှ ပညာရှင် ဒေါက်တာ ဦးမြင့်လွင် က ပြောသည်။

''အော်ဂဲနစ်သီးနှံ ဖြစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး။ အရင်ဆုံး အော်ဂဲနစ် စိုက်ခင်း စိုက်ချင်တဲ့ သူက မစိုက်ပျိုးမီ ကျွန်တော်တို့ MOAG နဲ့ ဆက်သွယ်ရမယ်။ လျှောက်လွှာတင်၊ စိုက်ပျိုးမြေပုံစံ (ဓာတ်ပုံ) ပြရမယ်။
အသုံးပြုမယ့် ပစ္စည်းကိရိယာ၊ ဆေးဝါး၊ အော်ဂဲနစ် စီမံကိန်း တင်ပြပြီး မှတ်ပုံတင်ထား ဖို့လိုတယ် .. '' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့နောက် MOAG မှ စိုက်ပျိုး မြေဆီလွှာများ စမ်းသပ် စစ်ဆေးခြင်း၊ စိုက်ပျိုးမြေခြံ ပတ်ဝန်းကျင်များ လေ့လာ အကဲဖြတ်ခြင်း၊ အသုံးပြုမည့် ရေတွင် ဓာတုပစ္စည်း ပါဝင်မှု ရှိ၊ မရှိ အဆင့်ဆင့် စစ်ဆေးမှုများ ပြုလုပ်ပြီး MOAG မှ ချမှတ်သည့် စည်းကမ်းချက်များ ကို လိုက်နာပါမည်ဟု ကတိဝန်ခံချက် ထိုးပေးမှသာ လက်မှတ် ထုတ်ပေးကြောင်း ၄င်းက ဆက်လက် ပြောသည်။

''ဒီလက်မှတ် ရလို့လည်း သီးနှံရောင်းချလို့ မရသေးဘူး။ ထွက်ရှိလာတဲ့ သီးနှံကို ဓာတုဆေး ကင်းစင်မှုရှိ၊ မရှိ ထပ်မံ စစ်ဆေးပါတယ်။ စိုက်ပျိုးနေတဲ့ အချိန်အတွင်း မှာလည်း ပုံမှန်စစ်ဆေး ပေးပါတယ်။ ဒီလို စစ်ဆေးလို့ ဓာတုဆေး တွေ့ရင်လည်း ထိုက်သင့်တဲ့ ဒဏ် ပေးဆောင်ရပါတယ်'' ဟု MOAG ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် စားသုံးသူ ပြည်သူများအား အန္တရာယ် ကင်းစင်သည့် အစားအစာ များကို စားသုံးစေလို ခြင်းနှင့် အနာဂတ်တွင် အစားအစာများ အန္တရာယ် ကင်းရှင်းစေရန် လိုအပ်ကြောင်း သိရသည်။

သိုက်ရာဇာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment