Pages

Wednesday, December 3, 2014

Miss Supranational 2014 ပြိုင်ပွဲ ဒီဇင်ဘာ ၅ ရက် ကျင်းပမည်


ပိုလန်နိုင်ငံတွင် နိုဝင်ဘာလ ၂၉ ရက်က ကျင်းပခဲ့သည့် Miss Supranational 2014 ပြိုင်ပွဲ၌ အလှမယ် ဟန်သီ ၏ ယှဉ်ပြိုင်ဟန်

ရန်ကုန် ၊ ၃-၁၂-၂၀၁၄

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ဟန်သီ ပါဝင် ယှဉ်ပြိုင်နေသည့် ဆဋ္ဌမ အကြိမ်မြောက် ကျင်းပသည့် Miss Supranational 2014 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပိုလန်နိုင်ငံ၌ ဒီဇင်ဘာ ၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Miss Supranational 2014 ပြိုင်ပွဲတွင် The Ideal Beauty မဂ္ဂဇင်း ရွေးချယ်မှု ဖြစ်သည့် Beautiful National Costumes အလှမယ် ရှစ်ဦးတွင် မြန်မာနိုင်ငံမှ အလှမယ် ဟန်သီ ပါဝင်နေပြီး အလှပဆုံး နိုင်ငံ ကိုယ်စားပြု ဝတ်စုံဆု အတွက် မက္ကဆီကို၊ စပိန်၊ ဘရာဇီး၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘိုလီဗီးယား၊ အင်္ဂလန် နှင့် ရဝမ်ဒါနိုင်ငံ တို့ ရွေးချယ်ခံ ခဲ့ရခြင်း ဖြစ်သည်။

Miss Supranational 2014 ပြိုင်ပွဲ၏ တရားဝင် အွန်လိုင်းမဲစနစ် ကို အခကြေးငွေဖြင့် မဲပေးရသည့် ပုံစံအဖြစ် သတ်မှတ်ထားပြီး မဲ(၁ဝ)မဲကို ငါး ဒေါ်လာနှုန်းဖြင့် ပေးချေရမည် ဖြစ်ကာ မိမိ နှစ်သက်ရာ အလှမယ်များကို မဲပေး နိုင်သည်ဟု ၄င်းက ပြောသည်။

တရားဝင် မဲပေးခြင်း ခံရသည့် အနိုင်ရ အလှမယ်သည် Miss Internet ဆုကို ရရှိမည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲ၏ အယောက် ၂၀ စာရင်းသို့ တက်လှမ်းခွင့် ရရှိနိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို Miss Golden Land Myanmar Organization မှ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ် ခင်ဝင့်ဝါ ကို စေလွှတ်ခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ် ဟန်သီ ကို စေလွှတ် ခဲ့ခြင်း ဖြစ်သည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment