Pages

Tuesday, December 2, 2014

ထန်းသားကျောက် နှင့် အင်ကြင်းကျောက် အချောထည်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရန် လုပ်ဆောင်မည်


ရန်ကုန် ၊ ၂-၁၂-၂၀၁၄

မြန်မာနိုင်ငံ အလယ်ပိုင်းမှ ထွက်ရှိသော အင်ကြင်းကျောက် များနှင့် ထန်းသားကျောက် အချောထည် များကို ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အင်ကြင်းကျောက် အချောထည် ထုတ်လုပ်
ရောင်းချသူများ ထံမှ သိရသည်။

ထိုကဲ့သို့ နိုင်ငံတကာ ဈေးကွက် ဝင်ရောက် နိုင်ရန် ပြပွဲများမှ တစ်ဆင့် ထိုးဖောက်ခဲ့ ရပြီး ပြည်ပ ဈေးကွက်သို့ ရောက်ရှိရန် လုပ်ဆောင် နေကြောင်း အင်ကြင်းကျောက် အချောထည် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

''အဓိက က အင်ကြင်း၊ ထန်း၊ အဂိတ် နဲ့ ဂျက်စပါ စတဲ့ ကျောက်လေးမျိုး ထုတ်တယ်။ နိုင်ငံတကာ အသိအမှတ် ပြုတဲ့ ကျောက်တွေက အဂိတ် နဲ့ ဂျက်စပါ ဖြစ်ပါတယ်။ အဂိတ်နဲ့ ဂျက်စပါက တွင်းထွက် တစ်မျိုးပါ။ အင်ကြင်းနဲ့ ထန်းသားကျောက် ကတော့ ကျောက်ဖြစ် ရုပ်ကြွင်း တွေပါပဲ ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

အထက်ပါ ကျောက်ဖြစ်ရုပ်ကြွင်း အမြုတေ တစ်ခုကိုရရန် နှစ်သန်းပေါင်း ငါးသန်းခန့် အချိန်ကြာမြင့်ပြီး အများစုကို မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ တွေ့ရှိရခြင်း ဖြစ်သည်။ မြေထုလွှာ အတွင်း နှစ်ပေါင်းများစွာ နစ်မြုပ် နေသည့် ကျောက်ဖြစ် ရုပ်ကြွင်း အသွင်ပြောင်း ကျောက်များကို ငလျင် ဒဏ်ကြောင့် သော် လည်းကောင်း၊ မီးတောင် ပေါက်ကွဲမှု ကြောင့်သော် လည်းကောင်း ကမ္ဘာ မြေပေါ်သို့ ပြန်လည် ရောက်ရှိလာကာ တန်ဖိုးမြင့် ကျောက်များ အဖြစ် အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

အင်ကြင်းကျောက် နှင့် ထန်းသားကျောက် အချောထည် များသည် ပြည်တွင်း၌ လူကြိုက် များကာ ဈေးကွက်တစ်ခု ရရှိထားပြီး ဖြစ်သည့် အပြင် နိုင်ငံတကာ ဈေးကွက် ၌လည်း စိတ်ဝင်စားမှု များကြောင်း သိရသည်။

ထန်းအမြုတေ နှင့် ပြုလုပ် ထားသော ၁၂ လက်မရှိသည့် ဆင်းတုတော် တစ်ဆူလျှင် ငွေကျပ် ၁၅ သိန်းခန့် ရှိကြောင်း သိရသည်။ ထို့အပြင် အလယ်အလတ် တန်းစား ကျောက်များနှင့် ပြုလုပ် ထားသော ဟန်းချိန်း၊ ဆွဲပြား၊ လော့ကတ်သီး များကို အမေရိကန် ဒေါ်လာ ၂ဝ ဝန်းကျင်ဖြင့် ရောင်းချပြီး အရည်အသွေး ထူးခြား ကောင်းမွန်လျှင် ငွေကျပ် နှစ်သိန်းနှင့် အထက် ပေါက်ဈေး ရှိကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment