Pages

Sunday, December 7, 2014

အ၀လွန်သူများ ရှစ်နှစ်ခန့် အသက်တိုသွားနိုင်


အော့တ၀ါ ၊ ၇-၁၂-၂၀၁၄

အဝ လွန်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်စေနိုင် သည်ကို လူအများ သိရှိကြ သော်လည်း လျစ်လျူရှု နေတတ်ကြ ရာဝယ် ငယ်ရွယ်သူ များသည် အဝလွန် ခြင်းကြောင့် နှလုံးရောဂါ နှင့် ဆီးချို(၂) ကဲ့သို့  နာတာရှည် ရောဂါတို့ကို ခံစားရနိုင်ပြီး ပုံမှန် လူ့သက်တမ်း ထက် ရှစ်နှစ်ခန့် အသက်တို သွားနိုင်ကြောင်း ကနေဒါနိုင်ငံ မက်ဂီး တက္ကသိုလ် မှ သုတေသီ များက သတိပေး ထားသည်။

Lancet ဆီးချိုရောဂါ ဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းက အဝ လွန်ခြင်းကြောင့် ဖြစ်နိုင်သော ရောဂါများ၊ ၄င်းရောဂါ ဖြစ်ပွားမှုကြောင့် ကျန်းမာရေး ထိခိုက်ရပုံများ၊ ၄င်း ကျန်းမာရေး ထိခိုက်မှုကြောင့် အသက်တို ရပုံများကို ကွန်ပျူတာ မော်ဒယ် တစ်ခု တည်ဆောက် စမ်းသပ် ကြည့်ခဲ့ရာ အသက် ၂ဝ မှ ၃၉ နှစ်အရွယ် ယောက်ျားလေး များသည် အဝလွန် နေပါက ရွယ်တူ လူငယ်များထက် အသက် ၈ ဒသမ၄ နှစ် ပိုတိုနိုင်ပြီး မိန်းကလေး များက ၆ ဒသမ ၁ နှစ် ပိုတို နိုင်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် ယောက်ျားလေး များက အသက်မသေမီ ၁၈ ဒသမ ၈နှစ်၊ အမျိုးသမီးများက ၁၉ ဒသမ ၁ နှစ် ဆိုးရွားသော ကျန်းမာရေး အခြေအနေဖြင့် ပင်ပန်း ဆင်းရဲစွာ နေထိုင် သွားရမည် ဖြစ်ကြောင်း သိရသည်။

အသက်ကြီးမှ အဝ လွန်လာသူများ ဖြစ်လျှင် အသက် ၄ဝ မှ ၅ဝ အတွင်း အမျိုးသား များက ၃ ဒသမ ၇ နှစ်သော် လည်းကောင်း၊ အမျိုးသမီး များက ၅ ဒသမ ၃ နှစ်သော် လည်းကောင်း အသက်ပိုတို မည်ဖြစ်ပြီး အသက် ၆ဝ မှ ၇ဝ ကြား သက်ကြီးပိုင်း များသည်မူ အဝ လွန်ခြင်းကြောင့် လူ့ဘဝ သက်တမ်းမှ တစ်နှစ်ခန့် ကိုသာ ဆုံးရှုံး ရလိမ့်မည် ဖြစ်သော်လည်း မသေမီ ခုနစ်နှစ်ခန့် ကျန်းမာရေး ယိုယွင်း ပျက်စီးမှု ဒဏ်ကို ခံရမည် ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ လေ့လာ တွေ့ရှိချက် များအရ အဝလွန်ခြင်းသည် အသက်ငယ်စဉ်မှ စတင် ဖြစ်ပွားလျှင် ကျန်းမာရေးကို အဆိုးရွားဆုံး ထိခိုက်စေနိုင်ပြီး လူ့သက်တမ်းကို အများဆုံး တိုစေကာ အဝ လွန်မှုသည် အသက်အရွယ် ကြီးလာသည် နှင့်အမျှ ကျန်းမာရေး ထိခိုက်မှုနှင့် လူဘဝ တိုတောင်းမှု သည်လည်း လျော့နည်း သွားသည်ဟု ကောက်ချက်ချ နိုင်မည် ဖြစ်ကြောင်း သိရသည်။

''အသက် ငယ်တုန်းမှာ အဝလွန် လာပြီဆိုရင် နှလုံး၊ ဆီးချို၊ လေဖြတ် ရောဂါတွေကို ခံစားရမယ့် နှစ်အပိုင်းအခြား ကလည်း အများကြီး ကျန်သေးတဲ့ အတွက် ကျန်းမာရေ ယိုယွင်း ပျက်စီးမှု ပိုလာပြီး အသက်လည်း ပိုတိုတာ ဖြစ်ပါတယ်။ အသက်ကြီး မှ အဝလွန် လာမယ်ဆိုရင် အကျိုးဆက်ကို ခံစားရဖို့ နှစ်အပိုင်းအခြား ကလည်း နည်းသွားတာ ဖြစ်တဲ့အတွက် ဆက်စပ်ရောဂါ တွေရဲ့ ဒဏ်ကိုခံစား ရတဲ့နှစ်လည်း နည်းသွားတာ ဖြစ်ပါ တယ် ... '' ဟု သုတေသီ တစ်ဦး က ရှင်းပြသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment