Pages

Tuesday, December 30, 2014

ရုရှားနိုင်ငံတကာ ခရီးသွားလုပ်ငန်းပြပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသမည်



ရန်ကုန် ၊ ၃၀-၁၂-၂၀၁၄

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲ (Moscow International Travel & Tourism Exhibition 2015 - MITT) ကို ၂ဝ၁၅ ခုနှစ် မတ် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင် များနှင့် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့၏ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း များကို နိုင်ငံတကာမှ သိရှိစေရန် ရည်ရွယ်၍ ယင်းပြပွဲတွင် ပါဝင်ပြသရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားလုပ်ငန်း ပြပွဲသည် ရုရှားနိုင်ငံ မော်စကိုမြို့၌ နှစ်စဉ် ကျင်းပသော နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြပွဲကြီး တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂ဝဝ ကျော်မှ ခရီးသွား လုပ်ငန်းပေါင်း ၂ဝဝဝ နီးပါး ပါဝင်ပြသလေ့ ရှိသည်။ 

မြန်မာနိုင်ငံ မှလည်း ယင်းပြပွဲသို့ သွားရောက် ပြသရန် ခရီးသွား လုပ်ငန်း ကုမ္ပဏီငါးခု က စာရင်းပေးသွင်း ထားပြီး နောက်ထပ် ကုမ္ပဏီများလည်း ပါဝင်လာဖွယ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက်လာ စေရန် နိုင်ငံတော်မှ ခရီးသွား လုပ်ငန်း ပြပွဲများကို အလျဉ်းသင့် သလို ကျင်းပခြင်း၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိသျှ၊ ဗီယက်နမ် နှင့် ထိုင်း အစရှိသော နိုင်ငံတို့၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ခရီးသွားလုပ်ငန်း ပြပွဲများတွင် ပါဝင်ပြသခြင်း များကို လုပ်ဆောင်လျက် ရှိရာ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင်လည်း အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment