Pages

Tuesday, December 2, 2014

အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းကြောင်း အနီးဝန်းကျင်ဒေသ များ၌ ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်


တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခု

ရန်ကုန် ၊ ၂-၁၂-၂၀၁၄

မြန်မာ၊ ထိုင်း၊ လာအို နှင့် ဗီယက်နမ်နိုင်ငံ တို့ကို ဖြတ်သန်း ဖောက်လုပ်လျက် ရှိသော အရှေ့- အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး ( East West Economic Corridor - EWEC ) တစ်ခုလုံးကို အောင်မြင်စွာ ဖောက်လုပ်ပြီးစီး ချိန်တွင် အဆိုပါ လမ်းကြောင်း ဖြတ်သန်းရာ မြန်မာနိုင်ငံ အတွင်းရှိ ဒေသများ ဖြစ်သော ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့၌ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းများ အပြင် အခြား ဆက်စပ်သော စီးပွားရေး လုပ်ငန်း များလည်း ဖွံ့ဖြိုးတိုးတက် လာရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပြည်တွင်းရှိ အရှေ့- အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး အနီး ပတ်ဝန်းကျင် ဒေသများ၌ ခရီးသွားလုပ်ငန်း နှင့် အခြား ဆက်စပ် စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက် လာရန် လုပ်ဆောင်ရာတွင် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန နှင့်အတူ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ ပူးပေါင်း ပါဝင်ကာ ဒေသခံ စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မား လာစေရန်၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း များ အများအပြား ထပ်မံပေါ်ပေါက် လာစေရန် ရည်မှန်းချက် ထားပြီး စီမံကိန်းချ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် နှင့် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများသည် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် ရှိဒေသအချို့သို့ သွားရောက်၍ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ခရီးသွား လုပ်ငန်းများ နှင့် ဆက်စပ် လုပ်ငန်းများ လုပ်ကိုင် နေကြသော လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် ကုန်ထုတ် လုပ်ငန်းလုပ်ကိုင် နေသူများနှင့် တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး မှတစ်ဆင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက် လာနိုင်ပြီး ဘီလူးကျွန်း၊ ချောင်းဆုံ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲ ကမ်းခြေ၊ ကျိုက်မရော၊ သံဖြူဇရပ် စသည့် နေရာများသို့ သွားရောက် လည်ပတ်နိုင်မည် ဖြစ်သည့်အတွက် ထိုဒေသများ တွင်လည်း ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment