Pages

Tuesday, December 23, 2014

မြန်မာ- သြစတြေးလျ နှစ်နိုင်ငံပညာရှင်များ မန္တလေးမြို့ရှိ မဟာလောကမာရဇိန် ( ကုသိုလ်တော်ဘုရား) ဘုရားပရိဝုဏ် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်စာများ ပျက်စီးမှုကို ပူးပေါင်းလေ့လာ


မဟာလောကမာရဇိန် ( ကုသိုလ်တော်ဘုရား) ဘုရားပရိဝုဏ် အတွင်းရှိ 
ပိဋကတ်သုံးပုံ ကျောက်စာများ

မန္တလေး ၊ ၂၃-၁၂-၂၀၁၄

မြန်မာ- သြစတြေးလျ နှစ်နိုင်ငံ ပညာရှင် များသည် မန္တလေးမြို့ရှိ မဟာလောက မာရဇိန် (ကုသိုလ်တော် ဘုရား) ဘုရား ပရိဝုဏ် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်စာများ ပျက်စီးမှုကို ပူးပေါင်း လေ့လာလျက် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

အဆိုပါ ပိဋကတ်သုံးပုံ ကျောက်စာများ ပျက်စီးမှုမှ ကာကွယ်ရန် သြစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ ကျောက်စာ ပညာရှင်များ လာရောက် လေ့လာ ခဲ့ကြောင်း သိရသည်။

ယင်း လေ့လာမှုတွင် ပါဝင်သည့် သြစတြေးလျ ပညာရှင် များသည် ကျောက်စာများကို ဓာတ်ပုံရိုက်ခြင်း၊ Scan ဖတ်ခြင်း၊ ကျောက်စာ အတွင်းပါ စာလုံးများကို အနုစိတ် လေ့လာခြင်း၊ မင်ထပ်ခြင်းနှင့် ကျောက်စာ ကွဲအက်ခြင်း အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားသော စာလုံးများကို လေ့လာ ခဲ့ကြောင်း သိရသည်။

၎င်းပညာရှင်များ အနေဖြင့် ကျောက်စာပါ စာလုံးများ မထိခိုက်စေရန် ကျောက်စာချပ်များ ဆေးကြော ရာတွင် ရေနှင့်ဦးစွာ ဆေးကြောပြီး မပြောင်မှ ဓာတုဆေးဝါး ပါဝင်သော အရည်ဖြင့် ဆေးကြောရန် အကြံပြု ခဲ့ကြောင်း သိရသည်။

''လေ့လာသူ ပညာရှင် တွေက ကျောက်စာချပ် တွေမှာ ရေးထွင်းထားတဲ့ စာလုံး တစ်လုံးချင်းစီ ကို လေ့လာမှုတွေ ပြုလုပ်ပြီး မင်ထပ်တာတွေ၊ ကျောက်ပြား အညှိစွဲတာတွေ၊ ကျောက်စာပေါ်မှာ Correction Pen တွေနဲ့ လျှောက်ရေး ထားတာတွေက အစ လေ့လာတယ်။ ပြီးတော့ စာလုံးတစ်လုံးချင်း စီကို မထိခိုက်အောင် ဘယ်လို သန့်ရှင်းရေး လုပ်သင့်တယ်။ ဘယ်လို ကာကွယ် သင့်တယ် ဆိုတာကို လေ့လာပါတယ် .. '' ဟု ရှေးဟောင်းသုတေသန နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ဦးစီးအရာရှိ က ပြောသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment