Pages

Sunday, December 7, 2014

ယမ်းပျော့ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


သိမ်းဆည်းရမိ ယမ်းပျော့အိတ် နှင့် ဆက်စပ်ပစ္စည်း များအား တွေ့ရစဉ်

နေပြည်တော် ၊ ၇-၁၂-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဗထူးမြို့အဝင် မင်းသုံးပါး ဂိတ်၌ ဒီဇင်ဘာ ၅ ရက်မွန်းလွဲ ၁ နာရီခန့်တွင် အင်တော ဘက်မှလာသော ယာဉ်အမှတ်၊ ၃ခ/ ၉၂၃၈ ပါဂျဲရိုး အမျိုးအစား ယာဉ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်တန့် ရှာဖွေရာ အသက် ၂၈ နှစ် ဝန်းကျင်ခန့်ရှိ ယာဉ်မောင်း ဖြစ်သူက လားရှိုးမြို့ဘက် မှ လာ၍ ပင်းတယ သတ္တုတွင်း ကုမ္ပဏီသို့ သွားရောက်မည် ဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များက ယာဉ်နောက်ခန်း အား ရှာဖွေနေစဉ် ယာဉ်မောင်းမှာ ရပ်စောက် ဈေးဘက်သို့ ရုတ်တရက် ထွက်ပြေး သွားခဲ့သည်။

၎င်းယာဉ်ကို ဆက်လက် ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းမှ မြွေရေခွံ အိတ်ဖြင့် ထုပ်ထားသော တရုတ်နိုင်ငံလုပ် အီမားရှင်း အမျိုးအစား ဟု ယူဆရသော ၂၅ ကီလိုဂရမ်ပါ ယမ်းပျော့ ၂ဝ အိတ်နှင့် တရုတ်နိုင်ငံ လုပ် တစ်ခွေလျှင် မီတာ ၁ဝဝ ရှိ မီးရှို့ယမ်းကြိုး (အနှေး) ငါးခွေတို့အား သိမ်းဆည်း ရမိခဲ့ပြီး ထွက်ပြေး လွတ်မြောက် သွားသော တရားခံအား ဖမ်းဆီးရမိရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ပူးပေါင်း ပိတ်ဆို့ရှာ ဖွေလျက် ရှိကြောင်း သိရှိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment