Pages

Monday, December 1, 2014

ကလေးလူကြီးများ နားလေးရော၈ါ ကြိုတင်ကာကွယ်ပါ



ကလေးလူကြီးများ နားလေးရော၈ါ ကြိုတင်ကာကွယ်ပါ

ဒေါက်တာလွင်သန့် (ဆေး-၂)

နားလေး ရောဂါသည် မြန်မာနိုင်ငံ၌ မထင်မှတ်ဘဲ များပြားလာသည်။ ကျောင်းသား၊ ကျောင်းသူများတွင် ၆ ရာခိုင်နှုန်းမှာ နားလေးရောဂါ ရှိသည်။ နားလေးရောဂါ ၏ ၈ဝ ရာခိုင်နှုန်းသည် နားပြည်ယို ခြင်းကြောင့် ဖြစ်သည်။ 

စာမလိုက် နိုင်သည့် ကလေးများတွင် နားလေးရောဂါ ကို ခံစားနေရသူများ ပါဝင်နေသည်။ နားလေး ရောဂါကို ကြိုတင် ကာကွယ်နိုင်သည် ဖြစ်ရာ ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်မီ ကြိုတင် ကာကွယ်ခြင်းက ပိုမိုအကျိုး သက်ရောက်မှု ရှိစေသည့် အပြင် ငွေကုန်မှု၊ အချိန်ကုန်မှုလည်း သက်သာ စေသည်။

နားကို အပြင်နား၊ အလယ်နား၊ အတွင်းနား ဟူ၍ သုံးပိုင်းခွဲခြား နိုင်သည်။ အပြင်နားနှင့် အလယ်နားသည် အသံကို ဖမ်းယူပြီး အတွင်းနား ထဲသို့ ပို့ဆောင်ပေးသည်။ အပြင်နားနှင့် အလယ်နား၏ အင်္ဂါ အစိတ်အပိုင်း များ ချို့ယွင်း ပျက်စီးခဲ့လျှင် ပို့ဆောင်မှု လျော့နည်း၍ နားလေးခြင်း ဖြစ်သည်။ အတွင်းနားတွင် အသံနှင့် သက်ဆိုင်သည့် အာရုံကြောများ တည်ရှိရာ အတွင်းနား၏ အင်္ဂါ အစိတ်အပိုင်း များ ချို့ယွင်း ပျက်စီးလျှင် အာရုံကြော နားလေးခြင်း ဖြစ်သည်။ နားပြည်ယို ခြင်းသည် နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများမှ တစ်ဆင့် စတင်ဖြစ်ပေါ် လေ့ရှိပြီး နှာစေးခြင်း၊ လည်ချောင်း နာခြင်း စတင်ဖြစ်ပေါ် ချိန်တွင် ဂရုစိုက်ပြီး ကုသပါက နားထဲသို့ ရောဂါပိုး ပျံ့နှံ့ခြင်းမှ ကြိုတင် ကာကွယ် နိုင်သောကြောင့် နားပြည်ယို ခြင်းကို ကာကွယ် တားဆီး နိုင်သည်။

ရောဂါပိုးများ အလယ်နား အတွင်း ပျံ့နှံ့သွားပါက ကောင်းစွာ ကုသပါ။ မကုသ ပါက နားအင်္ဂါ အစိတ်အပိုင်း များကို ရောဂါပိုးများက ဖျက်ဆီးပစ် နိုင်ပြီး ဦးနှောက် အတွင်းသို့ ပျံ့နှံ့ ရောက်ရှိ သွားနိုင်ကာ အသက် အန္တရာယ် ပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင် ပါသည်။

ကလေးသူငယ် များတွင် အခြား ဖြစ်တတ်သည့် နားလေးရောဂါမှာ အလယ်နား အတွင်း ချွဲစုဆောင်းခြင်း ဖြစ်သည်။ ယင်း ရောဂါ စတင်ချိန်တွင် အလယ်နားမှ ချွဲများကို စုပ်ထုတ်ပေးလျှင် နားလေးရောဂါကို ကြိုတင်ကာကွယ် ပေးနိုင်သည်။ ရောဂါကို ဂရုမစိုက်ဘဲ နေပါက နားအုံ အမြှေးသည် အတွင်းထဲသို့ ကပ်ဝင်ပြီး တစ်သက်လုံး နားလေးရောဂါ ဖြစ်သွား တတ်သည်။ ကလေးငယ် များတွင် အဆိုပါ ရောဂါကို ခံစားရပါက နားလေးသဖြင့် ကျောင်းစာကို ကောင်းစွာ မကြားရ သောကြောင့် စာမလိုက် နိုင်ဘဲ ရှိသည့်အပြင် မိဘများ၏ ခေါ်ပြောခြင်း ကို ဂရုမစိုက်ဘဲ နေသလို အထင်ခံရ တတ်သည်။ ထိုမျှ သာမက ထုံသည်၊ အသည်ဟု အထင်ခံရသည်။

ဝမ်းတွင်းပါ နားလေးခြင်းမှာ ကလေးများ သည် မွေးကတည်းက နားလေးလာ ပါက စကားလည်း ပြောနိုင်ခြင်း မရှိဘဲ ဆွံ့အ နေလိမ့်မည်။ အသံကိုကြားမှ အသံ၏ အဓိပ္ပာယ်ကို ဦးနှောက်က ဆက်စပ် နားလည်ပြီး စကားပြော နိုင်သည်။ ဝမ်းတွင်းပါ နားလေး ဆွံ့အ သည့်ရောဂါကို ဝဋ်ကြောင့်၊ ကံကြောင့်ဟု ယူဆကာ ကာကွယ်ခြင်း၊ ကုသခြင်း မလုပ်ကြပေ။ အချို့မိဘများက ရှက်ပြီး နားပါရဂူထံ ပြသခြင်း မရှိကြပေ။ ပြသပါ ကလည်း နောက်ကျ တတ်သည်။ မမွေးမီ ကာကွယ်နိုင်ရန် သိထားသင့် သည်မှာ မိခင် ကိုယ်ဝန်ဆောင်စဉ် ဝက်သက်ပေါက်ခြင်း၊ ကိုယ်ဝန် ရှိစဉ် အပြင်းဖျားခြင်း၊ မိခင်ကိုယ်ဝန် ရှိစဉ် နားလေးစေသည့် ဆေးများ သောက်သုံးခြင်း၊ နားလေးဗီဇ ပါသည့် မိဘနှစ်ပါးမှ မွေးသည့် ကလေးတွင် မွေးရာပါ နားလေးရောဂါ ဖြစ်နိုင်ခြေ ရှိသည်။

မိခင် ကိုယ်ဝန်ရှိစဉ် ပထမ သုံးပတ်အတွင်း ဝက်သက်ပေါက် ပါက နား၊ နှလုံး၊ မျက်စိ စသည့် အင်္ဂါ အစိတ်အပိုင်းများမှာ ပျက်စီးနိုင် သဖြင့် မွေးလာသည့် ကလေးသည် များသော အားဖြင့် နားလေးရောဂါ ခံစား ရတတ်သည်။ ဝက်သက် ကာကွယ်ဆေး ထိုးခြင်း သို့မဟုတ် ကိုယ်ဝန် ဖျက်ခြင်းကို အချို့နိုင်ငံ၌ ခွင့်ပြု ထားသည်။ မွေးရာပါ နားလေးရောဂါ သည် ဗီဇကြောင့်လည်း ဖြစ်တတ်သည်။ မိဘ တစ်ဦးဦး သို့မဟုတ် နှစ်ဦးစလုံး နားလေးပါက မွေးလာသည့် ကလေးပါ နားလေးသည်။ နားလေးရောဂါ ဖြစ်ပေါ်သော ရာခိုင်နှုန်းများ ပါက သင့်လျော်သည့် အကြံဉာဏ် ရယူ၍ မွေးရာပါ နားလေးရောဂါကို ကာကွယ်နိုင်သည်။

နေ့စဉ် သောက်သုံးရသည့် ဆေးများကြောင့် လည်း နားလေးစေသည်။ တီဘီဆေး ထဲတွင် စထရပ်တိုမိုင်ဆင် တို့ဆေးသည် နားလေး စေသည်။ လူကြီးများ နားလေးရောဂါ ကာကွယ်ရန် အရေးကြီးသည်။ ဆူညံသည့် အလုပ်ရုံတွင် အလုပ်လုပ် သူများ၊ ဆူညံသည့် ရပ်ကွက်၊ စက်မှုဇုန်တွင် နေထိုင်သူများ၊ လေယာဉ်ကွင်း အနီးတွင် နေထိုင်သူ များသည် နားလေးရောဂါ ခံစားရသည်။ သွေးလည်ပတ်မှု ချို့ယွင်း ပါကလည်း နားလေး၊ နားအူ၊ နားလေထွက် ကာ နားလေးတတ် ပါသည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment