Pages

Friday, December 26, 2014

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု သုံးသန်းကျော်အထိ မျှော်မှန်းထား


ဦးပိန်တံတားသို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွား ဧည့်သည်များကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၆-၁၂-၂ဝ၁၄

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက် လာမှုမှာ ယခုနှစ်အတွင်း မျှော်မှန်းထားသည့် ခရီးသွား ဦးရေထက် ကျော်လွန်၍ သုံးသန်းကျော် အထိ ရောက်ရှိသွား နိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သုံးသပ် ပြောကြားသည်။

လက်ရှိအချိန်တွင် ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုနှုန်း မှာ ၂ဝ၁၁ ခုနှစ်တွင် သုည ဒသမ ၈၂ သန်း ၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ဝ၆ သန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၂ ဒသမ ဝ၄၄ သန်း ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ခရီးသွား ဝင်ရောက်မှု သုံးသန်း မျှော်မှန်းထားရာ သြဂုတ်လ အကုန်တွင် ၁ ဒသမ ၈၂ သန်း ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ခရီးသွား ဝင်ရောက်မှု မြင့်တက်နေသည့် အတွက် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု သုံးသန်းကျော် အထိ ဖြစ်ပေါ် လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု များကြောင့် တစ်နိုင်ငံလုံးတွင် International non-governmental organization (INGO) များ ဝင်ရောက်လာပြီး ပံ့ပိုးမှု များလည်း ရရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွား ဝင်ရောက်မှု မြင့်တက် လာရခြင်းမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်လွှတ်တော်ကြီး သုံးရပ်နှင့်အတူ InterGovernment ခေါ်သော ပြည်သူ့အစိုးရ အဖွဲ့ပါ ပေါ်ပေါက် လာကာ လွှတ်တော်နှင့် အစိုးရအဖွဲ့ သည် အပြန်အလှန် Check and Balance လုပ်ပြီး ဆောင်ရွက်ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် 

Political Reform များ၊ Economic Reform များ၊ Social Reform များကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်လာသည့် အတွက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာကြောင်း သိရသည်။

ယနေ့ အချိန်တွင် တစ်နိုင်ငံလုံး၌ ဟိုတယ် ၁၁ဝဝ ခန့် ဖွင့်လှစ်ပြီး ဖြစ်သည့်အပြင် ရန်ကုန်မြို့၌ ၂၆၇ လုံးနှင့် အခန်းပေါင်း ၁၂ဝဝဝ ကျော်ရှိနေပြီ ဖြစ်သည့်အတွက် မြန်မာ့ ခရီးသွားနှစ် လုပ်နိုင်ရန် မခက်ခဲကြောင်း ၄င်းက ဆက်လက် ပြောသည်။(၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment