Pages

Monday, December 1, 2014

လူသားအရင်းအမြစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ကြီးများ


လူသားအရင်းအမြစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ကြီးများ

ပညာဟူသည် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကကျပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက မောင်းနှင်အား ဖြစ်သည်။ ပညာရေး နယ်ပယ် အနေဖြင့်လည်း ခေတ်စနစ်နှင့် ကိုက်ညီမည့် သင်ကြားမှု၊ သင်ယူမှု စနစ်များ၊ လက်တွေ့ ကျသော လတ်တလော ပြုပြင် ပြောင်းလဲမှုများ၊ ပညာရေး အကူအညီ အထောက်အပံ့ များ ဖြည့်ဆည်းပေး နိုင်အောင် ဆောင်ရွက် ကြရမည် ဖြစ်သည်။

ပညာရေး ကဏ္ဍ အရည်အသွေး မြင့်မားခြင်းသည် နိုင်ငံကြီးသည်၊ ငယ်သည်နှင့် မသက်ဆိုင်ဘဲ ၄င်းနိုင်ငံ၏ လူစွမ်းအား အရင်းအမြစ် အရည်အသွေး မြင့်မားမှု အပေါ် မူတည်၍ ဖွံ့ဖြိုးတိုးတက် နေကြသည်ကို တွေ့ရမည် ဖြစ်သည်။

ယနေ့ ဒီမိုကရေစီ ခေတ်တွင် နိုင်ငံ၏ ပကတိ အရှိတရား နှင့် နိုင်ငံတကာ တိုးတက်နေမှု အခြေအနေများ အပေါ် ခြုံငုံသုံးသပ်၍ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအမံများကို ပညာရေးဆိုင်ရာ ပညာရှင်များ၏ ညှိနှိုင်း အဖြေရှာ ကြံဆမှုဖြင့် စတင်ေ ဆာင်ရွက် နေသည်ကို တွေ့ရသည်။

ရန်ကုန်နှင့် မန္တလေးမြို့ရှိ တက္ကသိုလ်များသည် မြန်မာ့ ပညာရေး သမိုင်း တစ်လျှောက်တွင် အလွန် နာမည်ကြီး ခဲ့သည့် တက္ကသိုလ်ကြီး များဖြစ်သည်။ အဆိုပါ တက္ကသိုလ်ကြီး များသည် အသိပညာရှင်၊ အတတ်ပညာရှင် များ မွေးထုတ် ပေးနိုင်ရုံမျှမက လူမှုဘဝ ပတ်ဝန်းကျင် တိုးတက် မြင့်မားရေး အတွက် များစွာ အထောက်အပံ့ ဖြစ်စေခဲ့သည်။

မြို့ပြကြီး များတွင် တက္ကသိုလ်ကြီး များ ဖွင့်လှစ် သင်ကြား ပေးခြင်းသည် ပညာရေး နယ်ပယ်တစ်ခု တည်းသာ မဟုတ်ဘဲ အသိအမြင် ဗဟုသုတ များလည်း တိုးပွား လာမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ အရည်အချင်း ပြည့်ဝသော လူတော် လူကောင်းများ အဖြစ် ပေါ်ထွန်း လာမည် ဖြစ်သည်။ 

ပညာရေးသည် ပညာရေးနှင့် လူမှုဘဝကို ပေါင်းကူး ပေးနိုင်မှ သာလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။ တက္ကသိုလ် တစ်ခု၏ ဂုဏ်ပုဒ်နှင့် ပြည်စုံသော တက္ကသိုလ်များ အနေဖြင့် နိုင်ငံတကာနှင့် လိုက်လျှော ညီထွေ ဖြစ်စေရန် အစဉ်လေ့လာ ဆည်းပူး နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော် အတွက် အားကိုး အားထားရမည့် ပညာတတ် လူငယ်လူရွယ် များကိုလည်း ပြုစုပျိုးထောင် မွေးထုတ်ပေး ရမည် ဖြစ်သည်။

သို့ဖြစ်ရာ အဆင့်ပညာ ကို သင်ကြား လေ့လာနေသော တက္ကသိုလ်ကြီး များသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက လိုအပ်သော လူသား အရင်းအမြစ်များ မွေးထုတ် ပေးရာ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment