Pages

Tuesday, November 25, 2014

KIA(ကချင်) အဖွဲ့မှ တပ်မတော်စခန်း များအား နှောင့်ယှက်ပစ်ခတ်


နေပြည်တော် ၊ ၂၅-၁၁-၂၀၁၄

KIA(ကချင်) အဖွဲ့သည် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် လွယ်ရင်းကျေးရွာ အနီး၌ နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စခန်းအား နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

အလားတူ နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီခန့် တွင်လည်း ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ကွန်ပါယန် ဒေသအတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စခန်းအား KIA (ကချင်) အဖွဲ့က လက်နက်ကြီးဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ သတိပေး ပြန်လည်တုံ့ပြန် ပစ်ခတ်မှုများ မလွှဲ မရှောင်သာ ထပ်မံပြုလုပ် ခဲ့ရပါသည်။

တပ်မတော် အနေဖြင့် နှစ်ဖက် ထိပ်တိုက် တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ရေး အောက်ခြေ အဆင့်ဆင့်အား ထိန်းသိမ်း ကြပ်မတ်လျက် ရှိပြီး KIA (ကချင်)အဖွဲ့ အနေဖြင့် ၄င်းတို့၏ တပ်ဖွဲ့များကို ထိန်းသိမ်းသွားရန် ပြည်နယ် အစိုးရမှ တစ်ဆင့် KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့သို့ အကြောင်းကြားစာ ထပ်မံပေးပို့ ထားကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment