Pages

Friday, November 21, 2014

ရန်ကုန်မြို ၌ ဒုတိယမြောက် Kempinski Hotel ဖွင့်လှစ်ရန်စီစဉ်


Kempinski Hotel, Nay Pyi Taw  ၏ Grand Royal Suite အထူးခန်း

ရန်ကုန် ၊ ၂၁-၁၁-၂၀၁၄

နိုင်ငံပေါင်း ၃ဝ ကျော်တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးပေါင်း ၇၅ ခုခန့် ဖွင့်လှစ်ထားသည့် Kempinski Hotel လုပ်ငန်းစုကြီးမှ မြန်မာနိုင်ငံ၌ ၄င်း၏ ဒုတိယမြောက် ဟိုတယ်ကို ရန်ကုန်မြို့တွင်း ၌ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းတွင် စတင်ဖွင့် လှစ်ရန် ရည်မှန်း ထားကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် အဆိုပါ ဟိုတယ်သည် ကိုလိုနီခေတ်က ရှေးဟောင်း State House အဆောက်အအုံ ပုံစံကဲ့သို့ ဆောက်လုပ်ရန် စီစဉ်ထားပြီး အခန်းပေါင်း ၂၂၉ ခန်း၊ စားသောက်ဆိုင်ကြီး သုံးဆိုင်၊ ကြီးကျယ် ခမ်းနားသော ခန်းမဆောင်ကြီး တစ်ခု၊ ရေကူးကန်၊ ခေါင်မိုးပေါ်၌ ဖွင့်လှစ် ထားသော ဘားတစ်ခုနှင့် ဧည့်ကြိုခန်းမ တို့အပြင် Kempinski the Spa တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Kempinski ဟိုတယ် လုပ်ငန်းစု အနေဖြင့် မြန်မာနိုင်ငံ၌ ၄င်း၏ ပထမဆုံးသော ဟိုတယ်ကြီးဖြစ်သည့် Kempinski Hotel, Nay Pyi Taw ကိုလည်း မကြာသေးမီက နေပြည်တော်ရှိ ဒက္ခိဏသီရိ မြို့နယ်၌ အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့သည်။

အဆိုပါ Kempinski Hotel, Nay Pyi Taw ၌ ကုန်းဘောင် မင်းဆက် ဗိသုကာ လက်ရာများဖြင့် မွမ်းမံခြယ်သ တည်ဆောက် ထားပြီး တည်းခိုဆောင် လေးဆောင် ထားရှိကာ Grand Royal Suite အထူးခန်းများ အပါအဝင် စုစုပေါင်း အခန်း အရေအတွက် ၁၄၁ ခန်းရှိကြောင်း၊ ဟိုတယ် အပြင်အဆင်ကို မြန်မာ့ ရှေးဟောင်း အမွေအနှစ် လက်ရာ များအတိုင်း ပြင်ဆင်ထားပြီး (ပုံ) ရိုးရာလက်မှု အနုပညာများဖြင့် ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများ ထည့်သွင်း အသုံးပြု ထားကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ရိုးရာ အစားအသောက်များ၊ ဥရောပ အစားအစာများ ရရှိနိုင်သော အစားအသောက် နှင့် အဖျော်ယမကာ ရောင်းချသည့် စားသောက်ဆိုင် များကိုလည်း ဖွင့်လှစ် ပေးထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment