Pages

Wednesday, November 26, 2014

အမျိုးသမီး ငါးဦးတွင် တစ်ဦး လေဖြတ်ရောဂါ ဖြစ်ပွားနိုင်


ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ယခုအခါ ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသည့် လူနေမှုစနစ်များ အရ အမျိုးသားများ သာမက အမျိုးသမီးများပါ ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်ခြင်း၊ မူးယစ်ဆေးဝါး များ သုံးစွဲလာခြင်း တို့ကို ပိုမို တွေ့ရှိ လာရပြီး အထက်ပါ အချက်များသည် အမျိုးသမီး များတွင် လေဖြတ်ရောဂါ ကို ပိုမိုဖြစ်ပွား စေသဖြင့် အမျိုးသမီး ငါးဦးတွင် တစ်ဦး လေဖြတ်ရောဂါ ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့် က ပြောသည်။

လေဖြတ်ရောဂါ ဖြစ်စေသည့် အခြေအနေများ ဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောရောင် ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နှလုံးခုန် မမှန်သည့် ရောဂါနှင့် စိတ်ကျရောဂါ များသည် အမျိုးသမီး များတွင် ပို၍အဖြစ်များလေ့ ရှိသည်။

''အမျိုးသမီးတွေဟာ သန္ဓေ တားဆေးတွေ အသုံးပြု ကြရပြီး သဘာဝအရ ကိုယ်ဝန်ဆောင်မှု များကို ရှောင်လွှဲကြ ပါတယ်။ ကိုယ်ဝန်ဆောင် သည်တွေဟာ လေဖြတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး ကိုယ်ဝန်ဆိပ် တက်ခြင်း၊ အသက်ကြီးမှ ကိုယ်ဝန် ဆောင်ခြင်း၊ သွေးကြော ပေါက်ခြင်း၊ နှလုံးရောဂါ ရှိခြင်း၊ သွေးချိုရှိခြင်း နဲ့ သွေးပျစ်ခြင်း တို့ကြောင့် ကိုယ်ဝန် သုံးလကနေ ခုနစ်လ ကြားမှာ လေဖြတ်ခြင်း ဖြစ်ပေါ် စေနိုင်ပါတယ် ... '' ဟု မြောက်ဥက္ကလာပ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနမှ ပါမောက္ခ ဒေါက်တာ ဖြူဖြူလေး က ပြောသည်။ 

ကိုယ်ဝန်ဆောင်စဉ် လေဖြတ်ခြင်းကြောင့် သေဆုံးမှုမှာ ၄ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်း အထိ တိုးမြင့်လာကာ လေဖြတ်ပြီး သေဆုံးသည့် လူနာ ၁ဝ ဦးတွင် ခြောက်ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ ကူးစက်ရောဂါ မဟုတ်သော ရောဂါများ အနက် လေဖြတ်ရောဂါ သည် ဒုတိယ နေရာတွင် ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၁၅ သန်းခန့်သည် လေဖြတ်ရောဂါ ခံစားနေရကာ ၄င်းတို့အနက်မှ လူဦးရေ ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment