Pages

Sunday, November 9, 2014

တပ်မတော်(ရေ)က တည်ဆောက်သော အပေါ့စား ဖရီးဂိတ်စစ်ရေယာဉ် ရေချပွဲ အခမ်းအနား ကျင်းပ


တပ်မတော်(ရေ) က တည်ဆောက် ပြီးစီးခဲ့သည့် အပေါ့စား ဖရီးဂိတ်စစ်ရေယာဉ်အား တွေ့ရစဉ်

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တပ်မတော်(ရေ)က တည်ဆောက် ပြီးစီးခဲ့သည့် အပေါ့စား ဖရီးဂိတ်စစ်ရေယာဉ် ရေချပွဲ အခမ်းအနား သို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၄

တပ်မတော်(ရေ) က တည်ဆောက် ပြီးစီးခဲ့သည့် အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ် ရေချပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် သန်လျင် တပ်နယ်ရှိ အမှတ်(၄) ရေတပ်ဆိပ်ခံ တံတား၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်(ရေ) မှ အရာရှိကြီးများ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ရှေးဦးစွာ အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ် ရေချပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရာ မင်္ဂလာအချိန် ကျရောက်ချိန် တွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ သည် အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ်အား ရေချပွဲ ထုံးတမ်းစဉ်လာ အတိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့် အဖွဲ့ဝင် များသည် အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ်အား လှည့်လည် ကြည့်ရှု လေ့လာကြပြီး အခမ်းအနား သို့ တက်ရောက် လာသော အရာရှိ၊ စစ်သည် မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့် အဖွဲ့ဝင် များသည် အပေါ့စား ဖရီးဂိတ် စစ်ရေယာဉ်အား Shiplift Platform မှ ရေချခြင်းအား ကြည့်ရှု အားပေးခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment