Pages

Sunday, November 2, 2014

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၊ ၂-၁၁-၂၀၁၄

နေပြည်တော် ရှိ တပ်မတော် ဆေးရုံများမှ ပါရဂူများ ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော် မှ ယမန်နေ့ နံနက် ၆ နာရီတွင် မော်တော်ယာဉ် များဖြင့် ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် အရိုးခွဲစိတ် ကုသပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ကျော်စိန်ညွန့် ဦးစီး၍ ခွဲစိတ် ပါရဂူများ၊ မျက်စိ ပါရဂူများ၊ ကလေး ပါရဂူများ၊ အရိုးပါရဂူများ၊ သားဖွားမီးယပ် ပါရဂူများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူများ၊ ရောဂါဗေဒ ပါရဂူများ၊ ဓာတ်မှန် ပါရဂူများ၊ သွားဆေးမှူးများ၊ သူနာပြု အရာရှိများ၊ အထက်တန်း သူနာပြုများ နှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ရွှေ့ပြောင်း ခွဲစိတ် ကုသရေးယာဉ်၊ ရွှေ့ပြောင်း ဓာတ်မှန် ရိုက်ကူးရေးယာဉ် ၊ အောက်စီဂျင် ထုတ်သည့်စက်များ၊ ဆေးဝါးမျိုးစုံ နှင့် အထောက် အကူပြုယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment