Pages

Sunday, November 16, 2014

Air Bagan လေကြောင်းလိုင်း မှ အမျိုးသမီး လေယာဉ်မှူးများ ခန့်အပ်မည်


ရန်ကုန် ၊ ၁၆-၁၁-၂၀၁၄

ပြည်တွင်း အခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Air Bagan လေကြောင်းလိုင်းမှ အမျိုးသမီး လေယာဉ်မှူး များကို ခန့်အပ်တော့မည် ဖြစ်ကြောင်း Air Bagan လေကြောင်းလိုင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Air Bagan လေကြောင်းလိုင်း မှ အမျိုးသမီး လေယာဉ်မှူး များဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် ပြည်ပနိုင်ငံ များသို့ မြန်မာနိုင်ငံမှ အမျိုးသမီး လေယာဉ်မှူး ငါးဦးကို လေကြောင်း ပညာရပ်များ သင်ကြားရန် စေလွှတ် ထားကြောင်း သိရသည်။

''အမျိုးသမီး လေယာဉ်မှူး ငါးဦးကို ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများမှာ သင်တန်းပေး နေပါတယ်။ အခုဆိုရင် အမျိုးသား လေယာဉ်မှူးတွေ အပြင် အမျိုးသမီး လေယာဉ်မှူးတွေ ပါများစွာ ပေါ်ထွန်း လာတော့မှာပါ။ Air Bagan လေကြောင်းလိုင်းမှ အမျိုးသမီး လေယာဉ်မှူးတွေ ကို သေချာစွာ ပြုစု ပျိုးထောင်ပေး သွားမှာပါ ... ''ဟု Air Bagan လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Air Bagan လေကြောင်းလိုင်းသည် အမျိုးသမီး လေယာဉ်မှူး ငါးဦးကို ၂ဝ၁၆ ခုနှစ်၌ လုပ်ငန်းစတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် Air Bagan လေကြောင်းလိုင်း တွင် အမျိုးသမီး လေယာဉ်မှူး တစ်ဦးသာ ရှိကြောင်း၊ ပြည်တွင်း လေကြောင်းလိုင်း များ၌ အမျိုးသမီး လေယာဉ်မှူးများ ခန့်အပ်ထားသည့် အစီအစဉ်ကို Air Bagan လေကြောင်းလိုင်း တစ်ခု တည်းကသာ လုပ်ဆောင် နိုင်သေးကြောင်း သိရသည်။

Air Bagan လေကြောင်း လိုင်းသည် လက်ရှိ အချိန်တွင် ပြည်တွင်း ခရီးစဉ်များ ဖြစ်သည့် မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ပူတာအို၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော်၊ လားရှိုး၊တာချီလိတ်၊ ပုသိမ် နှင့် ကလေးမြို့ စသည့် ဒေသများကို ပုံမှန်ခရီးစဉ်များ ပျံသန်းလျက် ရှိပြီး စင်းလုံးငှား ခရီးစဉ်များကိုပါ ပျံသန်းလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment