Pages

Wednesday, October 29, 2014

ရွှေဘိုမြို့ရှိ ဦးအောင်ဇေယျနန်းတော်


ရွှေဘိုမြို့ရှိ ဦးအောင်ဇေယျနန်းတော်

ရွှေဘို ၊ ၂၉-၁၀-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ရှိ အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ ၏ ရွှေဘုံရတနာ မင်္ဂလာနန်းတော် (ပုံ)ကို ယခုရက်ပိုင်း လာရောက် လေ့လာသူ များပြားလျက် ရှိကြောင်း ပြတိုက်ဝင်ကြေး ကောက်ခံသူများ ထံမှသိရသည်။

''တက္ကသိုလ် အဝေးသင် ကာလမို့ ပြတိုက်ကို အဝင်များ နေတာ ဖြစ်ပါတယ် ၊ နိုင်ငံခြားသားတွေ လာ လေ့လာတာ ကတော့ နည်းသေးတယ် .. ''ဟု ၄င်းက ပြောပြသည်။

ရွှေဘိုမြို့ရှိ ရှေးဟောင်း နန်းတော် ကို ယမန်နှစ်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ထိန်းသိမ်း စေခဲ့ပြီး ပြည်တွင်း လေ့လာသူ များကို လူတစ်ဦးလျှင် ငွေကျပ်၂ဝဝ နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝ ဝင်ကြေး ကောက်ခံကြောင်း သိရသည်။

အဆိုပါ နန်းတော်ကို အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ က သက္ကရာဇ် ၁၇၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဆင်ဖြူရှင်မင်း လက်ထက်က အင်းဝသို့ မင်းနေပြည်တော် တည်ပြီး ရွှေ့သွား ခဲ့ခြင်းကြောင့် ၄င်း နန်းတော်ရာမှာ ဟောင်းနွမ်း ပျက်စီး သွားသဖြင့် ၁၉၉၄ ခုနှစ်တွင် အသစ် ပြန်လည် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ တစ်ခုတည်းသော ၄င်း ရှေးဟောင်း နန်းတော်တွင် မြေနန်း တော်ဆောင်၊ အလောင်း မင်းတရားကြီး ရုပ်ကလပ်ရှိရာ အုတ်နန်း ပြာသာဒ်၊ နန်းမ ပြာသာဒ်ဆောင်၊ ရွှေတိုက်၊ စာရင်းတိုက်၊ ကျောက်စာရုံ၊ ဘုံစံတု လွှတ်ကျောင်း၊ နန်းဦး အောင်မြေ၊ နန်းဦးဘုရား၊ အလောင်းမင်း တရားကြီး ၏ ကြေးရုပ်တု တို့ကို လေ့လာ ကြည့်ရှု နိုင်ကြောင်း သိရသည်။ 

အဆိုပါ နန်းတော်မှာ မူလက ကျွန်းတိုင်ပေါင်း ၅၄ တိုင်ဖြင့် တည်ဆောက် ခဲ့သော်လည်း ယခုအခါ အာရ်စီတိုင် များဖြင့် အစားထိုး ပြန်လည် တည်ဆောက် ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment