Pages

Tuesday, October 28, 2014

သုံးနှစ်တာကာလအတွင်း ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းရောင်းချမှု စံချိန်တင်


ကျောက်မျက်ရတနာပြပွဲသို့ လာရောက် ကြည့်ရှုကြ သူများကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၁၀-၂၀၁၄

၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် သုံးနှစ်တာ ကာလအတွင်း ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင်များ အတွက် အဓိကထား ရောင်းချ ခဲ့သည့် ကျောက်မျက် ရတနာပြပွဲ တွင် ကျောက်စိမ်း ရောင်းချမှုမှာ စံချိန်သစ် တင်နိုင် ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ နေပြည်တော် ၌ ရက်သတ္တ တစ်ပတ်ကြာ ကျင်းပခဲ့သော အဆိုပါ ကျောက်မျက် ရတနာ ပြပွဲသို့ ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင် ၁ဝဝဝ ကျော် လာရောက် ခဲ့ကြပြီး မြန်မာ့
ကျောက်မျက် ရတနာ လုပ်ငန်းနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ ပြည်တွင်း ကျောက်မျက် လုပ်ငန်းရှင်များ အတွက် ကျောက်စိမ်းတွဲ ၆၉၈၂ တွဲ ပြသ ရောင်းချခဲ့ရာ ၄င်းတို့ အနက်မှ ၅၉၈၈ တွဲကို လေလံဆွဲ ဝယ်ယူ ခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ကျောက်မျက် ရတနာပြပွဲ ၌ တန်ကြေး အမြင့်ဆုံး ဖြစ်သော ကျောက်စိမ်းတွဲ ကို ငွေကျပ် သန်း ၅ဝဝ ဖြင့် ရောင်းချနိုင် ခဲ့သည်။ ယခု တစ်ပတ်အတွင်း ကျောက်စိမ်း ရောင်းချမှုမှ ငွေကျပ် ၁၂၆ ဘီလီယံ အထိ ရရှိခဲ့ကာ ဇန်နဝါရီလ အတွင်း ရရှိခဲ့သော စံချိန် ဖြစ်သည့် ငွေကျပ် ၇ဝ ဘီလီယံကို ကျော်လွန်၍ စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ကျောက်စိမ်း အများဆုံး ထွက်ရှိသော နိုင်ငံဖြစ်ပြီး ၄င်းတို့အနက်မှ အများစုမှာ ကချင်ပြည်နယ် အတွင်းရှိ ဒေသများမှ ထွက်ရှိသော ကျောက်စိမ်းများ ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ အတွင်း အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ နိုင်ငံခြား လုပ်ငန်းရှင် များအား ယူရို ၂ ဒသမ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ကျောက်စိမ်းများ ရောင်းချ နိုင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်က ရရှိခဲ့ သည့် ယူရို ၂ ဘီလီယံထက် ပိုခဲ့ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် ပြုလုပ်ခဲ့သော နိုင်ငံခြား လုပ်ငန်းရှင်များ အတွက် ကျောက်မျက် ရတနာပြပွဲ ၌ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အစိုးရပိုင် လုပ်ငန်းများမှ ကျောက်စိမ်း အရိုင်းတုံးများ အပါအဝင် ကျောက်စိမ်း အတွဲပေါင်း ၇၁၆ဝ ပြသ ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲ ၆ဝဝဝ ခန့် ရောင်းချခဲ့ ရကြောင်း သိရသည်။

ကျောက်စိမ်းရိုင်း များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်သည်များ၊ တရုတ်ရိုးရာ ပန်းပု ထုလုပ်သူ များနှင့် လက်ဝတ် ရတနာပြုလုပ် သူများက ဈေးကောင်းပေး ဝယ်လေ့ ရှိကြကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment