Pages

Sunday, October 5, 2014

ကလေးများဘ၀ အနာဂတ်လှပရေး


ကလေးများဘ၀ အနာဂတ်လှပရေး

ကလေးသူငယ် ဟူသည် အသက် (၁၈)နှစ် မပြည့်သေး သောသူ၊ တစ်နည်း မိဘနှင့် ဆရာသမား များ၏ မေတ္တာရိပ်ကို ခိုလုံကာ အိမ်တံစက်မြိတ် နှင့် ကျောင်းပရိဝုဏ် ကြားတွင် လွတ်လပ် ပေါ့ပါး ပျော်ရွှင်စွာဖြင့် သွားလာ လှုပ်ရှားရှိ နေရမည့် လူမမည် အရွယ်လေးများ ဖြစ်သည်။ အချို့သော ကလေးများမှာ ထိုသို့သော အခွင့်အရေးများ ဆုံးရှုံးကာ အရွယ်နှင့် မမျှ ရုန်းကန် လှုပ်ရှား နေကြရသူ များလည်း ရှိသည်။

ထို ကလေးများကို လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် များတွင် အများအားဖြင့် တွေ့နေကြ ရသည်။ ပုံမှန် အလုပ်လုပ်၊ အချိန်မှန် စားသောက် နိုင်သည့် မိသားစု သဖွယ် လုပ်ကြရ သူများလည်း ရှိသည်။ အဆိုးရွားဆုံးမှာ ကလေး အလုပ်သမား ကျွန်ပြုပုံစံ အမျိုးမျိုး၊ ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု၊ မူးယစ်ဆေး ကုန်ကူးမှုတို့ ဖြစ်သည်။

ထို့ကြောင့် ကလးလူငယ် များ၏ ကျန်းမာရေး၊ လုံခြုံရေး၊ ကိုယ်ကျင့်တရား တို့ကို ထိခိုက်စေသည့် လုပ်ငန်းများ တွင် ဝန်နှင့် အားနှင့်မမျှ ခိုင်းစေမှု များဟု ကမ္ဘာ့ အလုပ်သမား အဖွဲ့က သတ်မှတ် ထားသည်။ ထိုအဖွဲ့၏ ကြေညာချက် အရ ကမ္ဘာပေါ်တွင် ကလေး အလုပ်သမား ၁၆၈ သန်းအထိ ရှိနေပြီ ၈၅ သန်းမှာ အန္တရာယ် ရှိသည့် လုပ်ငန်းခွင် များတွင် ခိုင်းစေခံ နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ် အဓမ္မ စေခိုင်းမှု ပပျောက်ရေးကို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့နှင့် ၂ဝဝ၇ ခုနှစ် ကတည်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ကလေးသူငယ် များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း ဆိုင်ရာ ၄င်းတို့၏ ပြဋ္ဌာန်းချက် အမှတ် (၁၈၂) ကိုလည်း လက်မှတ် ရေးထိုးမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ ကလေးသူငယ် များအား အတင်းအဓမ္မ စေခိုင်းမှု လုံးဝ ပပျောက်ရေး ပူးတွဲ မဟာဗျူဟာကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း က လက်မှတ် ရေးထိုးခဲ့ပြီး လုပ်ငန်း စီမံချက် အတိုင်း အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် နေပြီဖြစ်သည်။

ကလေး အလုပ်သမားများ ဖြစ်ရခြင်းမှာ မိဘမဲ့များ၊ မိစုံဖစုံ မနေရသူများ ဖြစ်ပြီး မိဘအစုံ ရှိပါလျက် ဆင်းရဲမှု အကြောင်း ပြချက်ဖြင့် ကျောင်းပြင်ပ ရောက်ကာ ကျောင်းပညာ တစ်ပိုင်းတစ်စ နှင့် အလုပ် ထွက်လုပ် နေကြရသည်။

သို့ဖြစ်ရာ ကလေးများ၏ ဆောင်ရွက်ကြ သူတိုင်း အနေဖြင့် ကလေးများ၏ နောင်ရေးဘဝ သာယာလှပ စေရန် ကလေးများ၏ အနာဂတ် ဘဝ ပျော်ရွှင်ချမ်းမြေ့ စေရန် ဝိုင်းဝန်းကူညီ ပံ့ပိုး စောင့်ရှောက်ကာ မြေတောင်မြှောက် ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment