Pages

Wednesday, October 29, 2014

မြန်မာနိုင်ငံမှ တီလားဗီးယား ငါးများကို အမေရိကန်ကုမ္ပဏီ တစ်ခုမှ အမြောက်အမြား ဝယ်ယူရန် ကမ်းလှမ်း



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

မြန်မာနိုင်ငံမှ ထွက်ရှိသော တီလားဗီးယား ငါးများကို အမေရိကန် နိုင်ငံ အစားအစာ ထုတ်လုပ်သော ကုမ္ပဏီတစ်ခုမှ အမြောက်အမြား ဝယ်ယူရန် ကမ်းလှမ်းထားပြီး မကြာမီ ကာလတွင် မြန်မာ့ ရေထွက်ကုန် ပစ္စည်းများ သည် အမေရိကန် နိုင်ငံအပြင် အနောက် နိုင်ငံများ ၌လည်း ဈေးကွက် နေရာများ ရရှိလာနိုင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သည် ကမ္ဘာပေါ်တွင် တီလားဗီးယားငါး အများဆုံး တင်သွင်း စားသုံးသော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ငါး လုပ်ငန်းရှင်များ အနေဖြင့် တီလားဗီးယားငါး များကို နိုင်ငံတကာ အဆင့်မီအောင် မွေးမြူနိုင်မည် ဆိုပါက အမေရိကန် နိုင်ငံ၌ ဈေးကွက် နေရာ ကျယ်ပြန့်စွာ ရရှိလာ နိုင်ကြောင်း၊ ထိုသို့ ဈေးကွက် နေရာရရှိ လာပါက အခြားသော ဥရောပသမဂ္ဂ နိုင်ငံများ တွင်လည်း မြန်မာ့ ရေထွက်ကုန် ပစ္စည်းများကို ဈေးကွက် ထိုးဖောက် ရာတွင် ပိုမိုလွယ်ကူမှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တီလားဗီးယား ငါးများ (ပုံ) သည် ပြည်ပ ဈေးကွက်တွင် ဈေးကောင်း ရရှိသော ငါးအမျိုးအစား ဖြစ်ပြီး နိုင်ငံတကာ ပေါက်ဈေးနှုန်း အရ တီလားဗီးယား ငါး အသားလွှာ ၁ ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာမှ ၅ ဒေါ်လာအထိ ရှိကာ အကောင်လိုက် ဈေးနှုန်းမှာ ၂ ဒသမ ၅ ဒေါ်လာ မှ ၃ ဒေါ်လာအထိ ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံမှ တီလားဗီးယား ငါးများ ဝယ်ယူရန် ကမ်းလှမ်း ထားသည့် အမေရိကန် ကုမ္ပဏီသည် အဆိုပါ ငါးများကို အကောင်လိုက် ဖြစ်စေ၊ အသားလွှာ အနေဖြင့် ဖြစ်စေ ဝယ်ယူမည် ဖြစ်ကြောင်း၊ ၀ယ်ယူမည့် ပမာဏ၊ မြန်မာနိုင်ငံမှ တင်ပို့နိုင်မည့် အခြေအနေ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment