Pages

Wednesday, October 22, 2014

အလုပ်သမားများ အတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေး ပေးသွင်းခြင်း မရှိသော လုပ်ငန်းရှင်များကို ဥပဒေအရ အရေးယူမည်



ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လူမှုဖူလုံရေး ဥပဒေနှင့် သက်ဆိုင်သော အလုပ်ရှင် များသည် မိမိတို့၏ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေးများ ပေးသွင်းရန် လိုအပ်ပြီး ပျက်ကွက်ပါက လူမှုဖူလုံရေး ဌာနမှ ခေါ်ယူ သတိပေး သွားမည်ဖြစ်ကာ သတိပေး သည့်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ ဥပဒေနှင့် အညီ အရေးယူမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လူမှုဖူလုံရေး ထည့်ဝင်ကြေး များကို ပေးသွင်း စေခြင်းသည် အလုပ်သမားများ အနေဖြင့် လူမှုဖူလုံရေး ဥပဒေ၌ ပြဋ္ဌာန်း ထားသော အကျိုး ခံစားခွင့်များ ၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်၊ လူမှုရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ် စသည်တို့ နှင့် ပတ်သက်၍ အပြည့်အဝ အကျိုးခံစားခွင့် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပေးသွင်း စေခြင်း ဖြစ်သည်။

ပြဋ္ဌာန်းထားသော လူမှုဖူလုံရေး ဥပဒေ နှင့် အကျုံးဝင်သော အလုပ်ရှင်များ အနေဖြင့် အဆိုပါ ပေးသွင်းမှုကို မပျက်မကွက် ဆောင်ရွက်ရန် လိုအပ်ပြီး ပျက်ကွက်ပါက ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ် စလုံးကို ဖြစ်စေ အပြစ်ပေး အရေးယူခံ ရနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု လက်ရှိတွင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ အကောင် အထည်ဖော်ေ ဆာင်ရွက် နေသော အာမခံစနစ် သုံးမျိုးအတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေး အပြည့်အဝ ပေးသွင်းလျက် ရှိသော အလုပ်သမားများ အရေ အတွက်မှာ ပြည်သူပိုင် လုပ်ငန်း ၁၉၅၆ ခုမှ လုပ်သား ၁၆ဝ၅၉၉ ဦး၊ ပုဂ္ဂလိက လုပ်ငန်း ၃၁ဝဝဝ ကျော်မှ အလုပ်သမား ၅၇၂၂၅၆ ဦး၊ ဖက်စပ်လုပ်ငန်း ၂၈ ခုမှ လုပ်သား ၄၈၄၅ ဦးနှင့် သမဝါယမပိုင် လုပ်ငန်း ၉၃၃ ခုမှ လုပ်သား ၄၆၈၇ ဦးတို့ ဖြစ်ကြပြီး စုစုပေါင်း လုပ်သား ၇၄၂ဝဝဝ ကျော်အတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေး များကို လစဉ်ပုံမှန် ကောက်ခံ ရရှိနေကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment