Pages

Tuesday, October 21, 2014

အီလက်ထရွန်နစ် ပစ္စည်းများ နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများကို ကွန်တိန်နာများဖြင့် တရားမ၀င် တင်သွင်းမှု အများဆုံး ဖြစ်လာ


ရန်ကုန် ၊ ၂၁-၁၀-၂၀၁၄

ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် အီလက်ထရွန်နစ် ပစ္စည်းများ ၊ ကွန်ပျူတာ အစိတ်အပိုင်း များနှင့် မော်တော်ယာဉ် သုံးပစ္စည်း အစိတ်အပိုင်း များကို ကွန်တိန်နာ များဖြင့် တရားမဝင် တင်သွင်းလာမှု များမှာ အများဆုံး ဖြစ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ ( Mobile Team ) မှ သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်များကို ဇူလိုင်လမှ စတင်ကာ ပညာပေးကာလ အနေဖြင့် ဝင်ရောက် စစ်ဆေးခဲ့ပြီး သြဂုတ်လတွင် အရေးယူ ဖမ်းဆီးမှု စတင်ပြုလုပ် ခဲ့သည်။ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများမှ ကွန်တိန်နာ များကို ဖွင့်ဖောက် စစ်ဆေးရာတွင် အလုံး ၅၀၀ ကျော်မှာ တရားမ၀င် နှင့် အပို တင်ဆောင်လာသော ပစ္စည်းများ ဖြစ်နေပြီး ယင်းပစ္စည်း များ၏ ၇၅ ရာခိုင်နှုန်းမှာ အီလက်ထရွန်နစ် ပစ္စည်းများ ကွန်ပျူတာ အစိတ်အပိုင်း များနှင့် မော်တော်ယာဉ်သုံး ပစ္စည်း အစိတ်အပိုင်းများ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ စစ်ဆေး တွေ့ရှိခဲ့သည့် ပစ္စည်းများကို အကောက်ခွန် ဌာနမှ ဒဏ်ကြေး ရိုက်ခြင်းနှင့် နိုင်ငံပိုင် သိမ်းယူခြင်းတို့ ပြုလုပ် ခဲ့သည်။ ထိုကဲ့သို့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ မှ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်များကို စတင် စစ်ဆေးခဲ့သည့် သြဂုတ်လမှ စက်တင်ဘာ လကုန် အထိ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း ငါးခုမှ ကွန်တိန်နာ ၂၈၆၉၉ လုံးကို စစ်ဆေးခဲ့ရာ ကွန်တိန်နာ ၅ဝဝ ကျော်မှာ တရားမဝင် ပစ္စည်းများနှင့် သွင်းကုန် ကြေညာလွှာတွင် ဖော်ပြ ထားသည်ထက် ပိုမို တင်သွင်းလာသော ပစ္စည်းများ ပါဝင်လာသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း Mobile Team ကွပ်ကဲရေးမှူးရုံး မှ ဦးရန်နိုင်ထွန်း က ပြောကြား ခဲ့သည်။

ထို့အပြင် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းအချို့မှ တရားမဝင် ကုန်ပစ္စည်းနှင့် တင်ပြထားသော ကုန်ပစ္စည်းထက် ပို၍ တန်ဖိုးကြီးသော ပစ္စည်းများ တင်သွင်း လာသည်ကိုလည်း စစ်ဆေး တွေ့ရှိရကြောင်း သိရှိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment