Pages

Tuesday, September 2, 2014

ချင်းတွင်းမြစ်ရေ သည် ရေစကြိုမြို့ ၏ စိုးရိမ်ရေမှတ် ၂၈ ပေ အထက် တစ်လက်မ ရောက်ရှိနေ


 မော်တော် များကမ်းနှင့် တစ်ပြေးညီ ဆိုက်ကပ်ထား သည်ကို တွေ့ရစဉ်

ရေစကြို ၊ ၂-၉-၂၀၁၄

မကွေးတိုင်း ဒေသကြီး ၊ ရေစကြိုမြို့ သည် ချင်းတွင်းမြစ် ကမ်းဘေးရှိ မြို့ဖြစ်သည်။ ယခုနှစ်တွင် ချင်းတွင်း မြစ်ရေသည်  သြဂုတ်လ ၁၃ ရက်က ၁၉ ဒသမ ၅ ပေအထိ မြင့်တက် လာခဲ့သည်။ သြဂုတ်လ ၁၈ ရက်က ၂၅ ပေ သို့ လည်းကောင်း၊ သြဂုတ်လ ၂၃ ရက်က ၂၇ ပေ သို့ လည်းကောင်း ရောက်ရှိ ခဲ့ရာမှ သြဂုတ်လ ၂၆ ရက်က ၂၆ ဒသမ ၈ ပေသို့ ကျဆင်း သွားခဲ့ပြီး သြဂုတ်လ ၂၇ ရက်က ၂၇ ပေသို့ လည်းကောင်း မြင့်တက် လာခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့ တိုင်းထွာချက် များအရ ၂၈ ဒသမ ၁ ပေအထိ ရောက်ရှိနေပြီး ရေစကြိုမြို့ ၏ စိုးရိမ် ရေမှတ် ၂၈ ပေအထက် တစ်လက်မ ရောက်ရှိ နေကြောင်း သိရသည်။

ယခုအခါ ချင်းတွင်း မြစ်ရေသည် ကမ်းနားလမ်း တွင် ကတ္တရာလမ်း ကို မေးတင် နေပြီး မော်တော် များမှာ ကမ်းနှင့် တစ်ပြေးညီ ဆိုက်ကပ်ထား သည်ကို တွေ့ရသည်။ (ပုံ)

ထိုကဲ့သို့ မြစ်ရေ မြင့်တက် နေမှုကို ကျွန်းပိုင် ဒေသခံ တစ်ဦးက '' အခုလို ရေကြီး သွားတဲ့အခါ စိုက်ပျိုး မြေတွေ အားလုံး ရေလွှမ်း သွားတော့ မြေတွေက အစိုဓာတ် ကောင်းကောင်း ရသလို နုန်းတင် မြေနု တွေလဲ ပို့ကျတော့ မြစ်ရေပြင် အရ စိုက်ပျိုးရေး အတွက် အလွန်ကောင်း တဲ့အတွက် မြစ်ရေ ကြီးတာကို ကြိုက်တာပါ'' ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောပြသည်။ ချင်းတွင်း မြစ်ရေသည် ယခုကဲ့သို့ ရေမကြီး သည်မှာ နှစ်နှစ် သုံးနှစ်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (၁၄၈)

#Yadanarpondaily

No comments:

Post a Comment