Pages

Tuesday, September 23, 2014

ကလေးငယ်များ ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် ၀ိုင်းဝန်းဆောင်ရွက်


ကလေးငယ်များ ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် ၀ိုင်းဝန်းဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကျန်းမာရေး ဝန်ကြီးဌာန သည် ပြည်သူများ၏ ကျန်းမာရေး ပြဿနာ များကို ဖော်ထုတ်၍ ကူးစက်ရောဂါ ဖြစ်ပွားမှု လျော့နည်း ကျဆင်းရေး၊ ကူးစက်မှု မရှိသော ရောဂါများ ဖြစ်ပွားမှုေ လျာ့နည်း ကျဆင်းရေး နှင့် နိုင်ငံသားတိုင်း လက်လှမ်း မီသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး အတွက် နည်းဗျူဟာများ ချမှတ် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ထောင်စုနှစ်သစ် ရည်မှန်းချက် များမှ ကျန်းမာရေး ကဏ္ဍတွင ပါဝင်သော ကလေးသူငယ် သေဆုံးမှုနှုန်း လျှော့ချရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ၏ ကျန်းမာရေးကို မြှင့်တင်ရန်၊ အေအိုင်ဒီအက်စ်၊
ငှက်ဖျားရောဂါ နှင့် အခြားရောဂါ များကို တိုက်ဖျက်ရန် ဟူသော ရည်မှန်းချက်များ ပြည့်မီစေရန် ကျန်းမာရေး ဝန်ကြီးဌာန က ဆောင်ရွက်ရာ၌ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အခြား မိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ 

ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းသည် အသက် တစ်နှစ်အောက် ကလေးငယ် များအား တီဘီဦးနှောက် အမြှေးရောင် ရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန် ဦးနှောက် အမြှေးရောင် ရောဂါ နှင့် အဆုတ်ရောင် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။ ဆောင်ရွက်ဆဲ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက် ကိုးလအရွယ် ကလေးငယ် များအား ဝက်သက်ရောဂါ ကာကွယ်ဆေး တစ်မျိုးတည်း ထိုးနှံပေးမှု အစား ၂ဝ၁၅ ခုနှစ်မှ စတင်၍ ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ နှစ်မျိုး ပေါင်းစပ် ပါဝင်သော ကာကွယ်ဆေး အသစ်ကို ထည့်သွင်း ထိုးနှံပေးရန် စီစဉ်လျက် ရှိသည်။

၂ဝ၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် ဂျိုက်သိုးရောဂါ ကူးစက်ခံရ သူပေါင်း ၉၄ဝဝဝ ကျော်ရှိခဲ့သည်။ ကိုယ်ဝန်ဆောင် မိခင်များသည် ဂျိုက်သိုးရောဂါ ကာကွယ်မှု မရှိခဲ့ပါက အရှင်မွေးသည့် ကလေး ၁ဝဝဝဝ လျှင် ဂျိုက်သိုးရောဂါ ဖြစ်ပွားမှု နှစ်ဦးအထိ ရှိနိုင်သည်။ ဂျိုက်သိုးရောဂါ ကူးစက်ခံ ရပါက ဝေဒနာ ပြင်းထန်ခြင်း မရှိသော်လည်း အမျိုးသမီး ကိုယ်ဝန်ဆောင် စဉ် ကူးစက်ခံ ရလျှင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေး သေဆုံးခြင်း၊ မွေးဖွားလာမည့် ကလေးငယ်များ အတွက် မွေးရာပါ နှလုံးရောဂါ၊ မျက်စိ အတွင်းတိမ် ရောဂါ၊ နားမကြား ရောဂါ အစ ရှိသော ချို့ယွင်းချက်များ ဖြစ်ပေါ်ပြီး လူစဉ် မမီသော ကလေးများ မွေးဖွား လာနိုင်ကြောင်း သုတေသီ များက တွေ့ရှိထား ကြသည်။

ကျန်းမာရေး ဝန်ကြီးဌာန သည် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ် ဆေးထိုး လုပ်ငန်း ဆောင်ရွက် ရာတွင် ပြည်ထောင်စုကြီး အတွင်းရှိ ဝေးလံ ခက်ခဲသည့် နယ်စပ်ဒေသ ကျေးရွာများ အပါအဝင် ရည်မှန်း ကလေးငယ်များ ဖြစ်သည့် အသက် ကိုးလမှ ၁၅ နှစ်အရွယ် လူငယ်ပေါင်း ၁၇ ဒသမ ၂ သန်းအား တစ်ဦးမျှ မကျန်ရှိ စေရန် အကောင် အထည်ဖော် မည် ဖြစ်သည်။

သို့ဖြစ်၍ ပြည်ထောင်စု တစ်ဝန်း၌ ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း (၂ဝ၁၅) အကောင် အထည်ဖော် ရာ၌ ကလေးငယ် တစ်ဦးမျှ မကျန်ရှိစေဘဲ အားလုံး လွှမ်းခြုံ နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဖြစ်စေရန် ကျန်းမာရေး ဝန်ကြီးဌာန နှင့်အတူ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၊ နှီးနွှယ် ဝန်ကြီးဌာနများ နှင့် အစိုးရ မဟုတ်သော လူမှုရေး အသင်းအဖွဲ့ များက ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment