Pages

Monday, September 1, 2014

ပေါင်းဆန်၏ ကျန်းမာရေး နှင့် အာဟာရ ဆိုင်ရာ တန်ဖိုးများ အသိပေး မိတ်ဆက်



ရန်ကုန် ၊ ၁-၉-၂၀၁၄

မြန်မာ့ပေါင်းဆန် မိတ်ဆက်ပွဲ နှင့် ပေါင်းဆန်၏ အာဟာရ တန်ဖိုးများ၊ ကျန်းမာရေး ဆိုင်ရာ တန်ဖိုးများ ခေါင်းစဉ်ဖြင့် အသိပေး ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယမန်နေ့ က UMFCCI ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနား တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြည်တွင်းမှ ပေါင်းဆန် ကို ရုရှားနှင့် ဥရောပ ဈေးကွက်များသို့ တင်ပို့နေပြီး နိုင်ငံတကာ မှလည်း မြန်မာနိုင်ငံရှိ ပေါင်းဆန် များကို ၀ယ်ယူရန် စိတ်ဝင်စား နေကြောင်း ၊ လက်ရှိတွင် ပေါင်းဆန် ထုတ်လုပ်သည့် စက်များ အသင့် အနေအထား မဖြစ်သေး ခြင်းကြောင့် မှာယူသလောက် တင်ပို့နိုင်ရန် မဖြစ်နိုင် သေးကြောင်း ပြောကြား ခဲ့သည်။

ပေါင်းဆန် ဆိုသည်မှာ စပါးကို မကြိတ်ခွဲမီ သန့်စင်ခြင်း၊ ရေစိမ်ခြင်း၊ ရေနွေးငွေ့ဖြင့် ပေါင်းခြင်း တို့ ပြုလုပ်ပြီး သန့်ရှင်း သန့်စင် နေသည့် ပေါင်းပြီးစပါး များကို စနစ်တကျ ကြိတ်ခွဲကာ အဆင့်ဆင့် သန့်စင်ခြင်း၊ ဆန်ခါ တင်ခြင်း၊ ရွေးချယ်ခြင်းများ ဆောင်ရွက် ထားသော အဆင့်မြင့် ဆန်ဖြစ်သည်။ အဆီဓာတ် ပါဝင်မှု နည်းကာ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဓာတ်များ အချိုးကျ မျှတစွာ အဓိက ပါဝင်လျက် ရှိပြီး သာမန် ရိုးရိုးဆန်ထက် ဗီတာမင် ဓာတ်များ ပိုမို ပါဝင် နေကြောင်း၊ ပေါင်းဆန်သည် ဆန်ဖြူ အမျိုးအစား ဖြစ်၍ မိနစ် အနည်းငယ် အတွင်း ချက်နိုင်သည့် ဆန်အဖြစ် ပြုလုပ်ထား ကာ မိနစ် ၂ဝ မှ ၃ဝ အတွင်း ချက်ပြုတ် နိုင်ကြောင်း၊ ပေါင်းဆန်ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အတွင်းရှိ ဆီးချိုရောဂါ တိုက်ဖျက်သည့် အင်ဆူလင် ဓာတ်များသည် သွေးလည်ပတ်မှု တွင်ရှိသော သွေး အချိုဓာတ်ကို တိုက်ဖျက် သဖြင့် သွေးအချိုဓာတ် သတ်မှတ်မှု အဆင့် ပုံမှန် ရှိနေနိုင် ခြင်းကြောင့် ကျန်းမာရေး အတွက် စားသုံး သင့်သော ဆန်တစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment