Pages

Tuesday, September 23, 2014

ပျူမြို့ဟောင်း သရေခေတ္တရာ သို့ နိုင်ငံခြား ခရီးသွား များအတွက် အဆင့်မြင့် ဟိုတယ်များ လိုအပ်



ပြည် ၊ ၂၃-၉-၂၀၁၄

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ ( UNESCO ) မှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြု လိုက်သော ပျူခေတ် မြို့ဟောင်း သရေခေတ္တရာ တည်ရှိရာ ပြည်မြို့သို့ လာရောက် လည်ပတ် ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ပိုမိုများပြား လာလျက် ရှိသည်။ 

ထိုသို့ ခရီးသွား ဧည့်သည် ယခင်ထက် ပိုမိုများပြား လာသည့်အတွက် ယခုနှစ် ခရီးသွား ရာသီတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ တည်းခိုနိုင်ရန် အဆင့်မြင့် ဟိုတယ်များနှင့် တည်းခိုခန်းများ ထပ်မံ လိုအပ် လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဒီနှစ်ထဲမှာ ပြည်မြို့ကိုလာတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက် က အခု ဆိုရင်၂၂ဝဝ လောက် ရှိသွားပြီ။ ကုန်းလမ်းက လာကြတဲ့ ဧည့်သည်တွေ ရှိသလို ရေလမ်း ကနေ လာကြတဲ့ ခရီးသွား ဧည့်သည် တွေလည်းရှိတယ်။ နောက်ပိုင်းမှာ ဒီထက်ပိုပြီး လာကြ မှာပါ။ အခုလို ဧည့်ရာသီ မဟုတ်တဲ့ အချိန်မှာ ဟိုတယ် အရေအတွက် က လုံလောက်တယ် ဆိုပေမယ့် ခရီးသွားရာသီ ရောက်လို့ ဧည့်သည်တွေ အစုလိုက် ဝင်လာရင်တော့ ဟိုတယ်နဲ့ တည်းခိုခန်းတွေ မလောက်မင ဖြစ်လာနိုင်တယ်'' ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းက ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့သော (၃၈) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် အစည်းအဝေး တွင် ပျူခေတ်မြို့ဟောင်း များဖြစ်သည့် ဟန်လင်း ၊ သရေခေတ္တရာ နှင့် ဗိဿနိုး မြို့ဟောင်း တို့ကို ယူနက်စကို မှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် တရားဝင် အသိအမှတ် ပြု ကြေညာ လိုက်သည့် အတွက် အဆိုပါ မြို့များသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment